စက်မောင်းနှင်သူများလုံခြုံဘေးကင်းရေး အခြေခံအချက် (၅) ချက်

on
Categories: Blogs

ဒီနေ့ခေတ်စက်ယန္တရားတွေက ပိုအစွမ်းထက် ပိုအဆင့်မြင့်လာနေပြီး အရင်ကထက်လည်း ပိုမြန်မြန်ဆန်ဆန်လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရှိလာကြပါတယ်။ စက်ယန္တရားတွေကိုအသုံးပြုနေစဉ်မှာ ဘေးကင်းလုံခြုံမှုရှိနေစေဖို့ အောက်ပါအချက်တွေကိုသာ မှတ်ထားလိုက်ပါ။

၁။ စက်ပစ္စည်းနဲ့ စက်ယန္တရားတွေနဲ့ လည်ပတ်လုပ်ကိုင်ခြင်းမပြုမီမှာ စက်မောင်းနှင်သူအားလုံးကို သေချာစွာလေ့ကျင့်ပေးထားရပါမယ်။
၂။ စက်ပစ္စည်းအဖုံးတွေကိုဖွင့်မထားပါနဲ့။ စက်ယန္တရားရဲ့တံခါးတွေကို ဖွင့်လျက်မောင်းနှင်ခြင်းမပြုပါနဲ့။
၃။ စက်ပစ္စည်းကိရိယာတွေကိုကောင်းမွန်စွာထိန်းသိမ်းပါ။
၄။ ပင်ပန်းနွမ်းနယ်မှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေမဖြစ်ရစေဖို့ လုပ်ကိုင်နိုင်စွမ်းထက်မပိုပါစေနဲ့။
၅။ တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်း (PPE) ကိုအမြဲတမ်းဝတ်ဆင်လုပ်ကိုင်ပါ။