စိတ်ဓါတ်ကျခဲ့ရင် (၃) စင်တီမီတာကိုသတိရပါ…

on
Categories: Blogs

စိတ်ဓါတ်ကျခဲ့ရင် ၃_စင်တီမီတာကိုသတိရပါ…
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့ ၄ နှစ်အချိန်ပေးရပါတယ်။ အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့ ဝါးပင်တစ်ပင်ဟာ ၁ ရက် ကို ၃၀ စင်တီမီတာ အထိကြီးထွားနိုင်ပါတယ်။
.
၆ ပတ်အတွင်း ၁၅ မီတာ လောက်အမြင့်ကိုရောက်နိုင်တယ်။ ဒါဟာ ဘာလို့လဲဆိုတော့ ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်မမြင်ရတဲ့ချိန်မှာ ကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ ဝါးပင်လေးကို သတိရစေချင်ပါတယ်။
ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။

အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။ ကိုယ်က ၁၀၀ မီတာ မြင့်ချင်ရင် ၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။ အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ် လို့ထင်ပါတယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲ စိတ်ဓာတ်ကျပြီးတော့ နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။ ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊ကြိုးစားနေသ၍ တစ်ရက်ကျရင် အမြင့်ကိုရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။ အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်များနေတာပေါ့ ။ ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့ သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ။ စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။

#Credit_original creator