🔧 🔧 စက်ယန္တရားကိုနေ့စဥ်အသုံးပြုရာတွင် စနစ်တကျဖြင့် ပုံမှန်ထိန်းသိမ်းပြုပြင်ဆောင်ရွက်မှသာလျှင်စက်၏သက်တမ်းကို ပိုကြာမြင့်စေမှာဖြစ်ပြီး သွက်လက်သောစွမ်းဆောင်ရည်ကောင်းများကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
စက်မောင်းသူများအနေဖြင့် လိုက်နာဆောင်ရွက်နိုင်ရန်အခြေခံအချက်များကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ။
🔷 နေ့စဉ်ဆောင်ရွက်ရန်အချက်များ 🔷
၁. စက်မနှိုးမီ စက်ပတ်ပတ်လည်အားမျက်မြင်စစ်ဆေးရန် ( ဆီ (သို့) ရေ ယိုစိမ့်မှုရှိမရှိ စစ်ဆေးရန်)
၂. စက်ကိုသန့်ရှင်းရေးလုပ်ရန် အထူးသဖြင့် ရေတိုင်ကီနှင့် Oil Cooler ကိုလေဖြင့်သော်လည်ကောင်း ၊ ဖိအားနည်းသော ရေဖြင့်သော်လည်ကောင်း သန့်ရှင်းရေးပြုလုပ်ရန်။
၃. လေစစ် ၊ အင်ဂျင်ဝိုင်နှင့် အဲယားကွန်းများကို သန့်ရှင်းမှုရှိမရှိ စစ်ဆေး၍ သန့်ရှင်းမှုမရှိပါက လေဖြင့်မှုတ်ပြီး သန့်ရှင်းပေးရန်။ စက်ကို စတင်အသုံးမပြုမီ ဟွန်း ၊ မီးသီးများစစ်ဆေးရန်နှင့် ဘက်ထရီခေါင်းများ တင်းကြပ်မှု ရှိမရှိ စစ်ဆေးရန်။
၄. စက်မနှိုးမီ ရေ၊ ကူးလန့် ၊ အင်ဂျင်ဝိုင် ၊ Hydraulic Level ၊ Swing gear Oil Level စသည်တို့ကို စစ်ဆေးရန်။
၅. အမဲဆီထိုးရမည့်နေရာများကို အမဲဆီထိုးပေးရန်။ စက်နှိုးပီးသောအခါ ပုံမှန်မဟုတ် မဟုတ်သောအသံများ ရှိမရှိ၊ Coolant, Hydraulic Oil, Inner Cooler ပိုက်လိုင်းများ ယိုစိမ့်မှုရှိမရှိ စစ်ဆေးရန်။
၆. တစ်နေ့တာလုပ်ငန်းများလုပ်ဆောင်ပြီးပါက ညီညာသောမြေပြင်တွင်စက်ကိုရပ်၍ ဆီတိုင်ကီအတွင်းသို့ဆီအပြည့်ဖြင့်ထားရပါမည်။ နောက်တစ်နေ့ စက်မနှိုးမီဆီတိုင်ကီနှင့် ရေစစ်တို့မှ ရေနှင့် အနည်များကို ကုန်စင်သည် အထိဖောက်ချပေးရန်။
၇. ချိန်းနှင့်Undercarriage ပွန်းစားမှုများအား မှန်မမှန်စစ်ဆေးရန်။ ဘလိတ်ဒါးသွားများ ကုန်မကုန်စစ်ဆေးရန်။
၈. Bucket ခွက် ၊ Link နှင့် ဆူးသွားများ၊ အပွန်းခံသံပြားများ၏ ပွန်းစားမှုကိုပုံမှန်စစ်ဆေးရန်။
