ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာဘေးကင်းရေးလုပ်ထုံးလုပ်နည်းများ

on
Categories: Blogs

ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုမှာ လုပ်ငန်းစဥ်ဘေးကင်းရေးလုပ်ထုံးလုပ်နည်းတွေက အဓိကကျပါတယ်။ ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေကကိုလည်း လုပ်ငန်းခွင်ဆိုင်ရာပြဿနာအသစ်အသစ်တွေကိုကြုံတွေ့လာရတဲ့အလျောက် အချိန်နဲ့အမျှပြောင်းလဲနေသင့်ပါတယ်။ ဒီလိုစည်းမျဉ်းစည်းကမ်းတွေနဲ့ စံနှုန်းတွေပြောင်းလဲရခြင်းရဲ့ရည်ရွယ်ချက်က အလုပ်ကို မြန်မြန်နဲဲ့ ထိရောက် လုံခြုံစိတ်ချစွာလုပ်ဆောင်နိုင်စေဖို့ပါ။
အခုပြောပြလိုက်တာကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာဘေးအန္တရာယ်ကင်းစေဖို့ သိရှိလိုက်နာရမယ့်အရေးကြီးအချက်တွေဖြစ်ပါတယ်
၁။ လုပ်ငန်းခွင်အကြောင်းလေ့လာပါ
အခြေအနေကိုလေ့လာခြင်းဟာတူးဖော်တဲ့အချိန်မှာလုပ်ဆောင်ရမယ့်ကြိုတင်ကာကွယ်မှုတွေကိုတွက်ဆရာမှာအထောက်အကူဖြစ်ပါတယ်။
၂။ နည်းလမ်းကို စေ့စေ့စပ်ရွေးချယ်ပါ
နည်းလမ်းရွေးချယ်တယ်တာက ပြီးပြီးရောဆုံးဖြတ်လို့ရတဲ့အလုပ်မျိုးမဟုတ်ပါဘူး။ ရည်ရွယ်ချက်၊ ဘေးကင်းလုံခြုံမှု၊ ငွေကြေးနဲ့ အချိန်အကန့်အသတ်တွေကိုပါ ထည့်သွင်းစဉ်းစားစီစဉ်ရတာမျိုးဖြစ်ပါတယ်။
၃။ ထိရောက်သင့်လျော်စွာစီမံပါ
စီမံကိန်းရေးဆွဲခြင်းနဲ့ လုပ်ငန်းဆောင်ရွက်မှုအားလုံးကို သင့်လျော်တဲ့အန္တရာယ်အကဲဖြတ်မှုတွေလုပ်ဆောင်ပြီးမှပဲ စတင်သင့်ပါတယ်။
၄။ ပြဿနာတွေမကြုံရဖို့ လမ်းညွှန်မှုပေးပါ
မှန်ကန်တဲ့လမ်းညွှန်မှုက ပြဿနာတွေမပေါ်အောင်ရှောင်ရှားရန်ကူညီနိုင်ပါတယ်။ အလုပ်သမားတွေနဲ့၀န်ထမ်းတွေကို အလုပ်လုပ်နေချိန်မှာ ဖြစ်လာနိုင်တဲ့အန္တရာယ်အခြေအနေအကြောင်းပြောပြထားပြီး အသက်အန္တရာယ်မရှိနိုင်အောင်ပြင်ဆင်ထားစေဖို့က မဖြစ်မနေလိုအပ်ပါတယ်။
၅။ လုပ်ငန်းအစီအစဉ်ကို ပုံမှန်ပြောင်းလဲပါ
နေ့စဉ်လုပ်ငန်းအစီအစဥ်ကို အချိန်မှန်ပြင်ဆင်ပြောင်းလဲမှုလုပ်ခြင်းက ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်အကူအညီရတဲ့အပြင် ကုန်ကျစရိတ်တွေကိုလည်းချွေတာပေးနိုင်ပါတယ်။