ဘတ်ထရီပေါ်မှာဘာတွေရေးလေ့ရှိလဲ

on
Categories: Blogs

ဘယ်အရာမဆို တသက်လုံးသုံးလို့ရတယ်ဆိုတာမျိုး မရှိပါဘူးနော်။

အရာရာတိုင်းမှာ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်း သက်တမ်းက သတ်မှတ်ပြီးသားပါ။ ဒီထဲမှာပဲ လူတွေနဲ့ သိပ်ပြီးမရင်းနှီးတဲ့ ဘက်ထရီမှာလည်း သက်တမ်းရှိတယ်ဆိုတာ သိပြီးပြီလား လူကြီးမင်းတို့ ခင်ဗျာ…
ဘက်ထရီသက်တမ်းဆိုတာ ဘက်ထရီကိုစတင် ပြုလုပ်တဲ့အချိန်ပေါ်မှာ မူတည်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်ဝယ်ထားတဲ့ ဘက္ထရီက“ လတ်ဆတ်လား ဒိတ်လွန်နေပြီလားဆိုတာသိစေဖို့ နေ့စွဲကုဒ်ကိုအရင်သိရပါမယ်။။ ဘက်ထရီအများစုမှာရှိတဲ့ သင်္ကေတက ဘက်ထရီတွေ ဘယ်နေ့အထိ ကြာရှည်ခံသုံးစွဲနိုင်မယ့် နေ့စွဲသင်္ကေတလည်းဆိုတာ ဖော်ပြပေးတယ်။ ဘက်ထရီသက်တမ်းကျော်သွားရင် သုံးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမယ့်စွမ်းဆောင်နိုင်တဲ့ ပမာဏက အရမ်းနည်းသွားပြီဆိုတော့ မသုံးတာက ပိုကောင်းပါတယ်ဗျာ။ ဒါကြောင့် ဘက်ထရီတွေဝယ်မယ်ဆိုရင်တော့ ဘတ်ထရီပေါ်မှာရေးထားတဲ့ သက်တမ်းလေးကို သေချာကြည့်ခဲ့ကြပါလို့ သတိပေးလိုက်ပါတယ်နော်။