ဘရိတ်စနစ်ကို စစ်ဆေးသင့်ပြီလို့ ပြောနေတဲ့အချက်များ

on
Categories: Blogs

ဒီနေ့တော့ ကြီးမားတဲ့မတော်တဆမှုတွေမဖြစ်လာအောင်ရှောင်ရှားနိုင်စေဖို့ ဘရိတ်စနစ်ဆိုင်ရာအချက်ပြ (၅) ခုအကြောင်း မျှ၀ေပေးလိုက်ပါတယ်။
1. Temperamental Pedal
ဘရိတ်နင်းရတာအရမ်းပျော့နေပြီဆိုရင် ဘရိတ် pad ပြဿနာနဲ့ လေ၀င်ခြင်း၊ လေယိုစိမ့်ခြင်း သို့မဟုတ် ဘရိတ်ဆီယိုစိမ့်ခြင်းစတဲ့ ဟိုက်ဒရောလစ်စနစ်ဆိုင်ရာပြဿနာတစ်ခုခုရှိနေလို့ပါ။
2.Vibrations
မညီညာတဲ့မျက်နှာပြင်တွေက ဘရိတ်ခြေနင်းကိုတုန်ခါစေပါတယ်။ ယေဘုယျအားဖြင့်တော့ ဘရိတ်ခြေနင်းတုန်ခါမှုဖြစ်လာခြင်းဟာ rotor တွေယိုယွင်းနေကြောင်းကိုပြတာပါ။
3. Pulling
ယာဉ်ဘယ်/ ညာဆွဲနေခြင်းက ဘရိတ်ပြဿနာအတွေကြောင်းကိုပဲ အမြဲဖော်ပြတာတော့မဟုတ်ပါဘူး။ တာယာတွေ ဖိအားမမှန်/ပျက်စီးမှု၊ ချိန်ညှိမှုအမှား သို့မဟုတ် ယာဉ်ရဲ့ဆိုင်းထိန်းစနစ်ပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
4. Strange Sounds
ကားထဲမှာ အသံကျယ်ကျယ် ဆူဆူညံညံဖွင့်ခြင်းက နားအတွက်သာမက ဘရိတ်တွေအတွက်လည်း မကောင်းပါဘူး။ မကြာခင်မှာပဲ ဘရိတ်စနစ်ရဲ့ Indicator ဆီကနေ ဘရိတ်တွေကိုအစားထိုးဖို့လိုအပ်နေပြီလို့ သတိပေးလာတော့မှာပါ။
5. Worn Pads
ဘရိတ် pad တွေပါးလွှာပျက်စီးလာခြင်းကတော့ ယာဉ်ကိုအရှိန်လျှော့ချဖို့နဲ့ ရပ်တန့်ဖို့လုပ်ဆောင်ရာမှာထိရောက်မှုနည်းပါးလာစေပါတယ်။