ဘာလိုအင်ဂျင်ဝိုင်လဲသင့်တာလဲ ???

on
Categories: Blogs

ဘာလိုအင်ဂျင်ဝိုင်လဲသင့်တာလဲ ???

အချိန်အကြာကြီး အပူနဲ့ထိတွေ့မှုများတဲ့ အင်ဂျင်ဆီဟာ စွမ်းဆောင်ရည်အာနိသင်လျော့ပါးလာပါတယ်… အင်ဂျင်အတွင်းပိုင်းမှာရှိတဲ့ ရွေ့လျားနေတဲ့အစိတ်အပိုင်းမှန်သမျှကို ချောဆီကပဲတာဝန်ယူလည်ပတ်စေတာပါ.. အဲ့ဒီ့နောက်မှာ မော်တော်ယာဉ်ကိုအပူလွန်ကဲခြင်းမှကာကွယ်ပေးပြီး၊ အင်ဂျင်အတွင်းပိုင်းမှာရှိတဲ့အရာအားလုံးကို ကောင်းမွန်စွာလုပ်ဆောင်စေပါတယ်… ဆီလဲချိန်တန်လို့ ဆီမလဲပဲအချိန်အကြာကြီးဆက်သုံးနေမယ်ဆိုရင်တော့ ပြုပြင်ဖို့အတွက် ကုန်ကျမှုတွေများစွာကြုံတွေ့နိုင်ပြီး၊ ဒီထက်ပိုဆိုးကောင်းဆိုးနိုင်ပါတယ်… အရည်အသွေးမပြည့်ဝတဲ့အင်ဂျင်ဝိုင်တွေဟာ အင်ဂျင်အပူကိုလွန်ကဲစေတဲ့အတွက် စက်ရပ်သွားပြီး ဂတ်စကက်တစ်ခုလုံး လောင်ကျွမ်းပျက်စီးစေနိုင်ပါတယ်…