အခုအချိန်ဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဖြစ်တာကြောင့် စက်ရုံ၊ အလုပ်ရုံတွေမှာ မီးလောင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ ရှိပါတယ်။ ဒီတော့ BUDOZAR ရဲ့ မိတ်ဆွေတို့အတွက် မီးဘေးအန္တရာယ် ကာကွယ်စေနိုင်ဖို့ လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်ကလေးတွေကို ဖော်ပြလိုက်ပါတယ်နော်
(၁) ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ မီးဘေးအန္တရာယ်ကို ဖြစ်စေနိုင်တဲ့ အမှိုတ်သရိုက်တွေ ရှိမနေအောင် အမြဲသတိထားပါ။ နေ့စဉ် ပုံမှန် သန့်ရှင်းရေးတွေကို လုပ်ဆောင်ပါ။
(၂) နံရံမှာ ချိတ်ဆွဲထားတဲ့ မီးသတ်ဆေးဘူးတွေ နေရာကို ပိတ်ဆို့ပြီး ကုန်ပစ္စည်းတွေ မထားပါနဲ့။ အမြဲတမ်း အလွယ်တကူ ယူနိုင်တဲ့ နေရာမှာသာ မီးသတ်ဆေးဘူးတွေကို ထားပါ။
(၃) လုပ်ငန်းခွင်အတွင်း ဆေးလိပ်သောက်သုံးခြင်းကို တင်းကြပ်စွာ တားမြစ်ပါ။ ဆေးလိပ်မသောက်ရဆိုင်းဘုတ်တွေကို မြင်သာထင်သာအောင် ရေးသားထားပါ။
(၄) မီးကြိုး၊ ပလက်ခုံစတဲ့ လျှပ်စစ်ပစ္စည်းကိရိယာတွေကို အမြဲတမ်း စစ်ဆေးပါ။ ဓာတ်ကြိုးတွေ ပေါက်ပြဲနေတာ၊ ပလက်ခုံတွေချို့ယွင်းနေတာ စတဲ့ အချက်တွေကလည်း အပူချိန် မြင့်တတ်လာတဲ့အခါ ဝါယာကြိုးတွေကနေ တဆင့် လောင်ကျွမ်းပြီး မီးဘေးအန္တရာယ်ကို ဖြစ်ပွားစေနိုင်ပါတယ်။
(၅) အရေးပေါ်အခြေအနေ ဖြစ်ပွားလာခဲ့မယ်ဆိုရင် ဆက်သွယ်အကြောင်းကြားနိုင်ဖို့အတွက် မီးသတ်စခန်း ဖုန်းနံပါတ်တွေနဲ့ သက်ဆိုင်ရာ ရဲစခန်းတို့ရဲ့ ဖုန်းနံပါတ်တွေကို လုပ်ငန်းခွင်အတွင်းက ဘယ်သူမဆို ဆက်သွယ် အကြောင်းကြားနိုင်အောင် ထားပေးပါ။ ဒါမှသာ အချိန်နဲ့ တပြေးညီ တုန့်ပြန်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။