မော်တော်ဆိုင်ကယ်ကို သန့်ရှင်းရေးမလုပ်ခင်မှာပထမဦးဆုံးပြုလုပ်ရမယ့်အရာက
အအေးခံခြင်းပါ။ (အရိပ်ထဲမှာထား ဒါမှမဟုတ် အပူရှိန်လျော့သွားတဲ့ညနေခင်းရောက်ချိန်ကိုစောင့်ပါ။)
သန့်စင်ဆေးအများစုကအေးမြတဲ့မျက်နှာပြင်တွေပေါ်မှာအကောင်းဆုံးအသုံးပြုနိုင်အောင်ထုတ်လုပ်ထားတာဖြစ်လို့ ပူတဲ့အခါမြန်မြန်ခန်းခြောက်သွားတတ်ပါတယ်။
အင်ဂျင်နဲ့အိပ်ဇောကိုလည်းအေးမြနေပါစေ။
သန့်စင်ဆေးရည်တွေကအသုံးပြုရလွယ်ကူပြီးကြိုကြိုကြားကြားကအညစ်အကြေးနဲ့ဖုန်တွေကိုရှင်းလင်းနိုင်စေပါတယ်။ ဖြန်းပြီးမိနစ်အနည်းငယ်စောင့်ပါ။
ရေနဲ့မှုတ်ပြီးဆေးလိုက်ပါ။
(Brake calipers, master cylinder reservoirs, and exposed power lead တွေကိုတော့ ရေမဖြန်းမိပါစေနဲ့။)
အထူးသဖြင့် စိုထိုင်းဆများတဲ့နေရာ သို့မဟုတ် ပင်လယ်နဲ့နီးတဲ့နေရာမျိုးမှာနေတယ်ဆိုရင် spoke တွေနဲ့တခြားသတ္ထုအစိတ်အပိုင်းတွေကို ပုံမှန်ထိန်းသိမ်းပေးဖို့လိုပါတယ်။
ပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးခြင်းကဆိုင်ကယ်တန်ဖိုးကိုထိန်းသိမ်းပေးနိုင်ပြီးကျော့ကျော့မော့မော့စီးနင်းနိုင်စေမယ့်အဓိကသော့ချက်ပါပဲ
