လုပ်ငန်းခွင် သန့်ရှင်းရေးက ဘာလို့ အရေးကြီးတာလဲ

on
Categories: Blogs

စက်မှုလုပ်ငန်းတွေပဲဖြစ်ဖြစ်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာပဲလုပ်ငန်းခွင်သန့်ရှင်းရေး Site Clearance ကိစ္စက မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်ထဲမှာ ပါဝင်ပါတယ်။ ဘာမှ အရေးမကြီးပါဘူးလို့ တွေးမိရင်တော့ အမှားကြီး မှားပါလိမ့်မယ်။ ဒါဆို ဘာလို့ လုပ်ငန်းခွင် သန့်ရှင်းရေးက ဘာလို့ အရေးကြီးတာလဲ။ ဒီအောက်က အချက်ကလေးတွေကို ဖတ်ကြည့်ကြပါဦး မိတ်ဆွေတို့ရေ။
(၁) လုပ်ငန်းခွင်မှာ မလိုအပ်တဲ့ အမှိုက်သရိုက်တွေ များနေခြင်းက လုပ်ငန်းလုပ်ဆောင်နေမှုအပေါ် ထိခိုက်နိုင်ပါတယ်။
(၂) ကိုယ့်ရဲ့ လုပ်ငန်းခွင်ထဲမှာ အမှိုက်တွေ ရှုပ်နေတာမျိုးဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းတွေကို ဖြောင့်ဖြောင့်တန်းတန်း လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ စိတ်တွေရှုပ်ပြီး အာရုံတွေ နောက်လာတတ်ပါတယ်။
(၃) အလုပ်အတွက် တကယ်လိုအပ်တဲ့ ပစ္စည်းကိရိယာတွေက အမှိုက်တွေကြားထဲမှာ ရောက်နေတာလား၊ ဘယ်နေရာမှာ ထားမိလို့ ထားမိမှန်း မသိတဲ့ အဖြစ်တွေ ဖြစ်နိုင်ပါတယ်။
(၄) အမှိုက်တွေကိုသာ ရှင်းလင်းထားမယ်ဆိုရင် လုပ်ငန်းခွင်ထဲမှာ မြန်မြန်ဆန်ဆန်နဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပြီးတော့ အချိန်ကုန် သက်သာစေပါတယ်။
(၅) အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုတဲ့ စကားအတိုင်းပါပဲ။ မလိုလားအပ်တဲ့ အမှိုက်တွေက မီးဘေးအန္တရာယ်တွေကို ဖြစ်ပွားစေနိုင်ပါတယ်။