ဟိုက်ဒရောလစ်ဆီ Hydraulic Oil များအကြောင်း

on
Categories: Uncategorized @mm

စက်ယန္တရားကြီးတွေမှာ အသုံးပြုတဲ့ ဟိုက်ဒရောလစ်ဆီကို ရိုးရိုးသာမန် အင်ဂျင်ဝိုင်ဆီတွေနဲ့ မှားယွင်းတတ်ကြပါတယ်။

♻️သူတို့နှစ်မျိုးရဲ့ ရည်ရွယ်ချက်၊ သဘောသဘာ၀ကလည်း တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။ ဟိုက်ဒရောလစ်ဆီတွေရဲ့ ရည်ရွယ်ချက်က အင်ဂျင်ထဲက ဟိုက်ဒရောလစ်စက်ပိုင်းတွေရဲ့ ပါဝါစွမ်းအားတွေကို မြှင်တင်ပေးဖို့အတွက် ဖြစ်ပါတယ်။ အင်ဂျင်ရဲ့ အတွင်းပိုင်းလုပ်ဆောင်မှုတွေကို အဆင်ပြေချောမွေ့စေဖို့အတွက် အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

♻️အင်ဂျင်ဝိုင်ဆီတွေရဲ့ ရည်ရွယ်ချက်ကတော့ အားလုံးသိကြတဲ့အတိုင်း အင်ဂျင်တစ်လုံး အလုပ်လုပ်ဆောင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုတွေကို အားဖြည့်ပေးဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

♻️ဒီလို ဟိုက်ဒရောလစ်စနစ်ထဲကို ဆီဖြည့်တဲ့အခါ အများကြီး လျှံကျနေအောင် မဖြည့်မိဖို့ကလည်း အရေးကြီးပါတယ်။ ပိုလျှံအောင် ဖြည့်မိတယ်ဆိုရင် ဆီတွေက filler cap ကနေ ယိုစိမ့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဆီမရှိဘဲ ဟိုက်ဒရောလစ်စနစ်တစ်ခုလုံးကို မောင်းနှင်ခြင်းကလည်း ဟိုက်ဒရောလစ်ပန့်တွေနဲ့ တခြားအတွင်း အစိတ်အပိုင်းတွေကို ပျက်စီးစေတာမျိုးတွေ ဖြစ်ပေါ်စေနိင်ပါတယ်။