စက်၊ ယာဉ်၊ ယန္တရားများရဲ့ အင်ဂျင်တွေမှာ ပါဝင်တဲ့အစိတ်အပိုင်းတစ်ခုခု ကောင်းကောင်းအလုပ်မလုပ်တဲ့အခါ၊ အချိန်မှန် အစားမထိုးတဲ့အခါ ပြဿနာများစွာကြုံနိုင်ပါတယ်။ ဒီတစ်ခေါက် BUDOZAR ကနေ အင်ဂျင်ပလက်တွေ လဲဖို့ ဘယ်လိုအချိန်မှာ လဲသင့်သလဲဆိုတာကို ဖော်ပြလိုက်ပါမယ်။
(၁) စက်နှိုးပြီး ရပ်ထားချိန်မှာ စက်တုန်နေတဲ့အခါ
(၂) ပလက်မီးမကူးတဲ့အတွက် လီဗာနင်းပေမဲ့ အလုပ်မလုပ်တဲ့အခါ၊ အင်ဂျင်တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့အခါ
(၃) လောင်စာဆီ ပိုမိုစားလာတဲ့အခါ
(၄) ကုမ္ပဏီမှ ညွှန်ကြားထားတဲ့ သတ်မှတ်ချိန်ပြည့်တဲ့အခါ
အင်ဂျင်ပလက်တွေကို လဲပေးဖို့လိုမှာဖြစ်ပါတယ်။