သင့်ယာဥ်ရဲ့ အင်ဂျင်၀ိုင်ကဘာအရောင်ရှိနေပြီလဲ? ယာဉ်မောင်းအများစုကတော့ ဒါကို အမှုမဲ့အမှတ်မဲ့ပါပဲ တဲ့။ ဘယ်အရောင်က ဘာကိုညွှန်ပြနေသလဲဆိုတာ သိရဖို့ ခဏဖတ်ကြည့်လိုက်ပါ။
(1) Milky, Foamy, and Cream-colored Oil
နို့နှစ်၊ အမြှုပ် (သို့) မုန့်နှစ်လိုဖြစ်နေတဲ့ Engine Oil က Head Gasket ယိုစိမ့်မှုရှိတာကိုပြနေတာပါ။ အထူးသဖြင့်အိပ်ဇောက မီးခိုးအဖြူရောင်ထွက်တာ၊ Coolant ပျက်တာကိုတွေ့ရပြီဆိုရင် ဒါကပိုသေချာပါတယ်။
(2) Thick and Dark Oil
ထူပျစ်မည်းညစ်နေတဲ့ Engine Oil က များသောအားဖြင့် အမှိုက် သို့ အညစ်အကြေးတွေကို စုပုံနေတာကိုဖော်ပြနေတာဖြစ်ပါတယ်။ အင်ဂျင်က ဖုန်မှုန့်တွေအများကြီးနဲ့ ထိတွေ့ထားပြီးပြီဆိုရင် ထူပျစ်မည်းညစ်နေတဲ့ Engine Oil ကို အသစ်နဲ့ လဲရတော့မယ့်အချိန်ပါပဲ။
(3) Creamy, Frothy Oil
အမြှုပ်တွေထနေတဲ့ Engine Oil က ရေညစ်ညမ်းမှုရှိကြောင်းကိုညွှန်ပြနေတာပါ။ ဒါဆိုရင်တော့ မီးခိုးအဖြူရောင်နဲ့ Coolant Level တွေကို စစ်ကိုစစ်ကြည့်ရမှာဖြစ်ပါတယ်။