အင်ဂျင် Heat တက်တာ မဟုတ်ဘဲဘာလို့ မီးခိုးလိုက်ရတာလဲ?

on
Categories: Blogs

ကားဘောနက်စ်အောက်ကနေမီးခိုးတွေထွက်လာတာက Heat တက်တာတစ်ခုထဲကြောင့်တော့ မဟုတ်ပါဘူးနော်… ထွက်လာတဲ့မီးခိုးနံ့က ကတ္တရာညှော်နံ့ဆိုရင်တော့ ဆီကိုလောင်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်… ဂတ်စ်ကတ်ပျက်နေတဲ့အခါမျိုးမှာ အဲ့လိုဖြစ်တတ်ပါတယ်…
ကားအဟောင်းတွေမှာဆိုရင်တော့ မီးခိုတွေကဆီအဖုံးနေရာက ထွက်လာနိုင်ပါတယ်… ဒီလိုဖြစ်ရတာကတော့ ဆီဖြည့်ချိန်တိုင်းကျန်ခဲ့တဲ့ ဆီအကြွင်းကျန်တွေ စုပုံလာပြီး အင်ဂျင်ပူလာတဲ့အခါ လောင်သွားလို့ဖြစ်ပါတယ်… ပစ္စတင်ဆလင်ဒါထဲမှာရှိတဲ့ အဆို့တွေပျက်နေတဲ့အခါမျိုးမှာလည်း ဒီလိုပြဿနာတွေဖြစ်တတ်ပါတယ်…
အမဲရောင်မီးခိုးတွေထွက်လာရတဲ့အကြောင်းရင်းကတော့ လောင်စာဆီတွေက ကောင်းမွန်စွာမရောစပ်ထားလို့ပါ… အတွင်းထဲကိုလေသယ်ယူပေးတဲ့စနစ် ကောင်းကောင်းအလုပ်မလုပ်ဘူးဆိုရင် လောင်စာအရောထဲကို လေမရောက်တဲ့အတွက် လောင်စာများလွန်းပြီး အခုလိုဖြစ်တတ်ပါတယ်… လောင်စာဆီဆင်ဆာပျက်နေချိန်မှာလည်း ဒီလိုပြဿနာတွေရှိလာနိုင်ပါတယ်…
ကားထဲမှာရှိတဲ့အရည်တွေ စိမ့်ထွက်နေရင်လည်း အငွေ့ပျံပြီးမီးလောင်ခြင်း၊ Coolant အရည်မီးလောင်ခြင်း၊ ပါဝါစီယာတိုင်အရည် သို့မဟုတ် ဂီယာဆီလောင်ကျွမ်းခြင်းတို့ဖြစ်ပြီး မီးခိုးလိုက်စေပါတယ်… ဘယ်လိုယိုစိမ့်မှုမျိုးကိုမဆို အသေအချာကိုင်တွယ်ပြီး ဖြေရှင်းသင့်ပါတယ်…
နောက်ဆုံးတစ်ခုအနေနဲ့တော့ ဖြစ်နိုင်ချေနည်းပေမယ့် လျှပ်စစ်စနစ်ကြောင့်လည်း မီးခိုးထွက်နိုင်ပါတယ်… အော်တာနေတာ (Alternator) ပျက်သွားတာ၊ တိုသွားတဲ့အခါမျိုးမှာလည်း အဖြူရောင်မီးခိုးငွေ့တွေထွက်လာနိုင်ပါတယ်….