အရည်အသွေးကောင်းမွန်တဲ့ချောဆီဆိုတာ…

on
Categories: Blogs

စက်ပစ္စည်းတွေအတွက်တော့ စက်ဆီ/ချောဆီတွေဟာ မရှိမဖြစ်အရေးပါတဲ့အရာတွေပါပဲ။ အရည်အသွေးကောင်းမွန်တဲ့ချောဆီတွေက ယေဘုယျအားဖြင့် အောက်ဖော်ပြပါလက္ခဏာရပ်တွေကိုပိုင်ဆိုင်ထားပါတယ်။

၁ – မြင့်မားတဲ့အရည်ဆူမှတ်နဲ့ နိမ့်ပါးတဲ့ရေခဲမှတ်ရှိမှု (အပူချိန်အခြေအနေအမျိုးမျိုးမှာအရည်ကိုထိန်းသိမ်းထားနိုင်ရန်)
၂ – စေးပျစ်မှုအညွှန်းကိန်းမြင့်မားမှု
၃ – အပူချိန်အခြေအနေတည်ငြိမ်မှု
၄ – အရည်ဖိအားအခြေအနေတည်ငြိမ်မှု
၅ – ရေနဲ့ ဆီခွဲခြားနိုင်မှုစွမ်းရည်
၆ – ချေးညှော်တက်ခြင်းကိုကာကွယ်နိုင်မှု
၇ – ဓာတ်တိုးခုခံနိုင်စွမ်းမြင့်မားမှု

စက်ပစ္စည်းအစိတ်အပိုင်းအချင်းချင်းထိခိုက်ပွတ်တိုက်မှုကိုကာကွယ်ဖို့၊ စက်ပစ္စည်းအတွင်းကအညစ်အကြေးတွေကိုဖယ်ရှားသန့်စင်ဖို့၊ အင်ဂျင်အပူချိန်ထိန်းညှိနိုင်စေဖို့နဲ့ စက်ပစ္စည်းအစိတ်အပိုင်းလှုပ်ရှားမှုကိုလျင်မြန်ချောမွေ့ပြီးအင်ဂျင်လုပ်ဆောင်ချက်ပိုကောင်းမွန်လာစေဖို့အတွက်
အရည်အသွေးကောင်းမွန်တဲ့ချောဆီတွေကို ‘BUDOZAR’ မှာရောင်းချပေးနေပါပြီ…။