အင်ဂျင်စက်သံမမှန်ပါ
မူလလို အသံငြိမ်မနေဘဲ၊နှာခေါင်းပိတ်သောလူ အသက်ရှုပြင်းသလိုမျိုးဖြစ်နေပါမယ်။
ဆီစားနှုန်းများလာမယ်၊
ကားတွေမှာဆို သာမန်အရှိန်မျိုးရဖို့မသိစိတ်က လီဘာပိုနင်းမိတယ်၊စက်တွေမှာဆို power work modeထားမှEco modeလောက် ဖြစ်နေမယ်၊ဒါကြောင့် လောင်စာပိုကုန်ပါတယ်။
မီးခိုးမဲ လိုက်လာမယ်။
လေနဲ့ဆီ အချိုးမမျှသောကြောင့်လေနည်း ဆီများပြီးမီးခိုးမဲလိုက်တက်ပါတယ်။
အင်ဂျင်စွမ်းဆောင်ရည်ကျဆင်းလာမယ်။
ညှစ်ရုန်းရတဲ့ အင်ဂျင်အဖို့သာမန်လိုမျိုး စွမ်းဆောင်ရည်မဖြစ်နိုင်ပါ။
ဆီအနံ့ရလာမယ်။
မီးခိုးမဲမှာ ပြီးပြည့်စုံသောလောင်ကျွမ်းမှုမဖြစ်သောကြောင့် ဆီအနံ့မွှန်လာမယ်။
အင်ဂျင်ရဲ့အခြေခံထိမ်းသိမ်းမှုတွင်လေစစ်သည်အရေးပါဆုံးဖြစ်သောကြောင့်မကြာခဏစစ်ဆေးပေးသင့်သည်။