Author: BUDOZAR

on

‘‘SIMPLE SOLUTION, BIG SAVINGS”

“ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်းတဲ့ နည်းပညာ”

  • အဆင့်မြှင့်ထားသော EC300E Hybrid ကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ။

အဆင့်မြင့် Hydraulic စနစ် နှင့် VOLVO  နည်းပညာ ပေါင်းစပ်အသုံးပြုထားလို့ boom down motion နဲ့ Accumulator ကို အားသွင်းနိုင်မှာဖြစ်ပါတယ်။ အင်ဂျင်စနစ်ကို လည်ပတ်စေတဲ့ မော်တာကိုလဲ သိုလှောင်ထားတဲ့ စွမ်းအင်ဖြင့်သာ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် EC300E ကို လည်ပတ်ဖို့လိုအပ်တဲ့ လောင်စာဆီထိရောက်မှုပမာဏကို ၁၇% ထိ လျော့ကျစေနိုင်မှာဖြစ်ပါတယ်။

“FEATURES & BENEFITS”

*ရိုးရှင်းပြီး ယုံကြည်စိတ်ချရတဲ့ တည်ဆောက်မှု

စွမ်းဆောင်ရည်မြင့်မားလွန်းလှတဲ့ EC300E ကို ယုံကြည်စိတ်ချရတဲ့ သေးငယ်သောအစိတ်အပိုင်းတွေနဲ့ ရိုးရိုးရှင်းရှင်း ပေါင်းစပ်တည်ဆောက်ထားလို့ ထိန်းသိမ်းရလွယ်ကူစေပါတယ်။

*သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး

EC300E Hybrid က CO2 စွန့်ထုတ်မှု ပမာဏကို ၁၅% အထိ လျှော့ချပေးနိုင်ပါတယ်။ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေမယ့် ရွေးချယ်မှု တစ်ခုပါပဲ။

*အကျိုးအမြတ်အများဆုံး ရွေးချယ်မှု

တူးဖော်ခြင်းနှင့်အသုံးချခြင်းလုပ်ငန်းများ လုပ်ဆောင်တဲ့အခါ EC300E Hybrid က လောင်စာဆီ ခြွေတာနိုင်ခြင်း၊ စွန့်ထုတ်မှု နည်းပါးခြင်း တို့ကြောင့် လုပ်ငန်းခွင်မှာ အကျိုးမြတ်များစေမယ့် ရွေးချယ်မှုတစ်ခုပါပဲ။

*စက်အတွင်းအပြင် လုံခြုံစိတ်ချရမှု

စက်အတွင်းပိုင်းကို အလွယ်တကူစစ်ဆေးနိုင်ခြင်း၊ မြင်ကွင်းပိုမိုရှင်းလင်းခြင်း၊ တုန်ခါနှုန်းလျော့ကျစေခြင်း နှင့် သင့်စိတ်ကြိုက် ချိန်ညှိမှုပြုလုပ်နိုင်ခြင်းတို့ကြောင့် VOLVO  EC300E Hybrid က သက်တောင့်သက်သာရှိပြီး လုံခြုံစိတ်ချရမှုအပြည့်နဲ့ အလုပ်ပြီးမြောက်စေမယ့် ထုတ်ကုန်တစ်ခုပါပဲ။

*ရွေးချယ်စရာစုံလင်တဲ့ အရည်အသွေးမြင့် အပိုပစ္စည်းများ

အသုံးပြုမယ့်လုပ်ငန်းခွင်ပေါ်မူတည်ပြီး တပ်ဆင်နိုင်မယ့် အရည်အသွေးမြင့် VOLVO အပိုပစ္စည်းအမျိုးအစားတွေနဲ့ အတူ သင့်လုပ်ငန်းခွင်မှာ အသင့်တော်ဆုံးဖြစ်မယ့် excavator တစ်ခုကို ရရှိနိုင်စေမှာပါ။ သင့်ရဲ့ Customized လုပ်ထားတဲ့ EC300E Hybrid က လည်ပတ်မှုအရှိန်လဲကောင်း၊ လောင်စာဆီထိရောက်မှုကိုလဲ တိုးတက်စေနိုင်လို့ ယုံကြည်စိတ်ချရတဲ့ စက်တစ်ခု ဖြစ်နေမှာပါ။

*အကြမ်းခံပြီး ရေရှည်အသုံးပြုနိုင်မယ့် နည်းပညာ

အသစ်ထွက်ရှိလာတဲ့ EC300E Hybrid က အကြမ်းခံပြီး ရေရှည်အသုံးပြုနိုင်အောင် တည်ဆောက်ထားပါတယ်။ Auto-regeneration ပြန်ဖြစ်စေမယ့် အင်ဂျင်၊ အရည်အသွေးမြင့်တဲ့ အစိတ်အပိုင်းများ၊ ပြင်ဆင်စရိတ် လျှော့ချပေးနိုင်ခြင်းတို့ကြောင့် ယုံကြည်စိတ်ချရပြီး လုပ်ငန်းခွင်မှာ ရေရှည်အသုံးပြုနိုင်မယ့် စက် တစ်ခုပါပဲ။

on

အခုအချိန်ဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဖြစ်တာကြောင့် စက်ရုံ၊ အလုပ်ရုံတွေမှာ မီးလောင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ ရှိပါတယ်။ ဒီတော့ BUDOZAR ရဲ့ မိတ်ဆွေတို့အတွက် မီးဘေးအန္တရာယ် ကာကွယ်စေနိုင်ဖို့ လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်ကလေးတွေကို ဖော်ပြလိုက်ပါတယ်နော်
(၁) ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ မီးဘေးအန္တရာယ်ကို ဖြစ်စေနိုင်တဲ့ အမှိုတ်သရိုက်တွေ ရှိမနေအောင် အမြဲသတိထားပါ။ နေ့စဉ် ပုံမှန် သန့်ရှင်းရေးတွေကို လုပ်ဆောင်ပါ။
(၂) နံရံမှာ ချိတ်ဆွဲထားတဲ့ မီးသတ်ဆေးဘူးတွေ နေရာကို ပိတ်ဆို့ပြီး ကုန်ပစ္စည်းတွေ မထားပါနဲ့။ အမြဲတမ်း အလွယ်တကူ ယူနိုင်တဲ့ နေရာမှာသာ မီးသတ်ဆေးဘူးတွေကို ထားပါ။
(၃) လုပ်ငန်းခွင်အတွင်း ဆေးလိပ်သောက်သုံးခြင်းကို တင်းကြပ်စွာ တားမြစ်ပါ။ ဆေးလိပ်မသောက်ရဆိုင်းဘုတ်တွေကို မြင်သာထင်သာအောင် ရေးသားထားပါ။
(၄) မီးကြိုး၊ ပလက်ခုံစတဲ့ လျှပ်စစ်ပစ္စည်းကိရိယာတွေကို အမြဲတမ်း စစ်ဆေးပါ။ ဓာတ်ကြိုးတွေ ပေါက်ပြဲနေတာ၊ ပလက်ခုံတွေချို့ယွင်းနေတာ စတဲ့ အချက်တွေကလည်း အပူချိန် မြင့်တတ်လာတဲ့အခါ ဝါယာကြိုးတွေကနေ တဆင့် လောင်ကျွမ်းပြီး မီးဘေးအန္တရာယ်ကို ဖြစ်ပွားစေနိုင်ပါတယ်။
(၅) အရေးပေါ်အခြေအနေ ဖြစ်ပွားလာခဲ့မယ်ဆိုရင် ဆက်သွယ်အကြောင်းကြားနိုင်ဖို့အတွက် မီးသတ်စခန်း ဖုန်းနံပါတ်တွေနဲ့ သက်ဆိုင်ရာ ရဲစခန်းတို့ရဲ့ ဖုန်းနံပါတ်တွေကို လုပ်ငန်းခွင်အတွင်းက ဘယ်သူမဆို ဆက်သွယ် အကြောင်းကြားနိုင်အောင် ထားပေးပါ။ ဒါမှသာ အချိန်နဲ့ တပြေးညီ တုန့်ပြန်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

on

စက်ယန္တရားကြီးတွေမှာ အသုံးပြုတဲ့ ဟိုက်ဒရောလစ်ဆီကို ရိုးရိုးသာမန် အင်ဂျင်ဝိုင်ဆီတွေနဲ့ မှားယွင်းတတ်ကြပါတယ်။ သူတို့နှစ်မျိုးရဲ့ ရည်ရွယ်ချက်၊ သဘောသဘာ၀ကလည်း တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။ ဟိုက်ဒရောလစ်ဆီတွေရဲ့ ရည်ရွယ်ချက်က အင်ဂျင်ထဲက ဟိုက်ဒရောလစ်စက်ပိုင်းတွေရဲ့ ပါဝါစွမ်းအားတွေကို မြှင်တင်ပေးဖို့အတွက် ဖြစ်ပါတယ်။ အင်ဂျင်ရဲ့ အတွင်းပိုင်းလုပ်ဆောင်မှုတွေကို အဆင်ပြေချောမွေ့စေဖို့အတွက် အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
အင်ဂျင်ဝိုင်ဆီတွေရဲ့ ရည်ရွယ်ချက်ကတော့ အားလုံးသိကြတဲ့အတိုင်း အင်ဂျင်တစ်လုံး အလုပ်လုပ်ဆောင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုတွေကို အားဖြည့်ပေးဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒီလို ဟိုက်ဒရောလစ်စနစ်ထဲကို ဆီဖြည့်တဲ့အခါ အများကြီး လျှံကျနေအောင် မဖြည့်မိဖို့ကလည်း အရေးကြီးပါတယ်။ ပိုလျှံအောင် ဖြည့်မိတယ်ဆိုရင် ဆီတွေက filler cap ကနေ ယိုစိမ့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဆီမရှိဘဲ ဟိုက်ဒရောလစ်စနစ်တစ်ခုလုံးကို မောင်းနှင်ခြင်းကလည်း ဟိုက်ဒရောလစ်ပန့်တွေနဲ့ တခြားအတွင်း အစိတ်အပိုင်းတွေကို ပျက်စီးစေတာမျိုးတွေ ဖြစ်ပေါ်စေနိင်ပါတယ်။

on

ဘယ်လို စက်ယန္တရားမျိုးမှာမဆို အင်ဂျင်တစ်လုံး ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင် Air Cleaner လေစစ်တွေရဲ့ အခန်းကဏ္ဍက အဓိက ကျပါတယ်။ ကောင်းမွန်တဲ့ လေစစ်တစ်ခုက အင်ဂျင်အထဲကို မလိုအပ်တဲ့ ဖုန်မှုန့်တွေ၊ အမှိုက်တွေ မဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ စက်ယန္တရားကြီးတွေထဲမှာ ရှိတဲ့ လေစစ်ကို ဘယ်လိုစစ်ဆေးသင့်တယ်ဆိုတဲ့ အချက်ကလေးတွေကို ပြောပြပေးချင်ပါတယ်။ လုပ်ဆောင်သင့်တဲ့ အချက်တွေက စက်တစ်ခုနဲ့ တစ်ခု အသုံးပြုချိန်နဲ့ အသုံးပြုတဲ့ နေရာတွေပေါ်မှာ မူတည်ပြီး နေရာ အနေအထားအလိုက် ကွဲပြားချက်တွေ ရှိနိုင်ပါတယ်။
– ကိုယ်လုပ်ငန်းလုပ်ကိုင်ရတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင် အနေအထားနဲ့ ရာသီဥတုအခြေအနေအပေါ် မူတည်ပြီးတော့ လေစစ်တွေရဲ့ သန့်ရှင်းရေးကို သတိထား လုပ်ဆောင်သင့်ပါတယ်။
– စက်ယန္တရားကြီးကို နာရီချိန်ပေါင်း (၂၅၀) ပြည့်တဲ့အခါတိုင်း၊ ဒါမှမဟုတ် လေသန့်စက်ရဲ့ အချက်ပြမီး လင်းလာတဲ့အခါတိုင်း လေစစ်ကို စစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။
– လေစစ်မှာ ကပ်နေတဲ့ ဖုန်မှုန့်တွေကို နည်းလမ်းမျိုးစုံနဲ့ ရှင်းလင်းသွားတဲ့အထိ ရှင်းထုတ်သင့်ပါတယ်။
– Air Filter အစိတ်အပိုင်းတွေထဲကို ချောဆီထည့်ပေးခြင်းကလည်း လေစစ်ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းရည်ကို မြင့်တတ်စေပါတယ်။
– မသန့်ရှင်းတဲ့နေရာတွေ၊ ဖုန်အမှိုက်တွေများတဲ့ နေရာတွေမှာ လေစစ်တွေကို ဖြုတ်ပြီး သန့်ရှင်းရေးလုပ်တာမျိုး မပြုလုပ်သင့်ပါဘူး။
– ကိုယ်မောင်းနှင်နေတဲ့ စက် အင်ဂျင်ရဲ့ အဓိကစွမ်းဆောင်ရည်က Air Cleaner လေစစ်တွေရဲ့ သန့်ရှင်းမှုပေါ်မှာ တိုက်ရိုက်မူတည်နေတယ်ဆိုတာ အမြဲတမ်း စိတ်ထဲ ထည့်ထားသင့်ပါတယ်။