ယာဉ်မောင်းနှင်ကြသူအများစုက သူတို့ရဲ့ယာဉ်မောင်းသက်တမ်းတစ်လျှောက်မှာ ကားရဲ့ဆီတိုင်ကီမှာ ဆီဖြည့်ဖို့မေ့သွာ၍ ဖြစ်စေ၊ ခရီးလမ်းကြောင်းက မျှော်မှန်းထားတာထက် ပိုများသွား၍ဖြစ်စေ အကြောင်းအရာ အမျိုးမျိူးကြောင့် ကားဆီဂိတ်မှာ ဆီကုန်ကြောင်း အလမ်း Alarm (E) ပြတဲ့ အခြေအနေမျိုးကို မကြာခဏဆိုသလို ကြုံတွေ့ ကြရပါတယ်.ဒီနေရာမှာ တစ်ချို့ယာဉ်မောင်းနှင်သူတွေက ကားဆီဂိတ် Fuel Gauge မှာ E သင်္ကေတလေးကို ညွှန်တံရောက်လာတဲ့အခါ ဆီတိုင်ကီမှာ ဆီမရှိတော့တဲ့အတွက် ကားကိုဆက် မမောင်းသင့်တော့ဘူးလို့ ယူဆတတ်ကြပါတယ်။
ဒီအယူအဆ မှန် မမှန်ဆိုတာကို ဆက်ပြီလေ့လာကြည့်လိုက်ကြရအောင်
ဆီဂိတ်မှာပါတဲ့ သင်္ကေတလေးတွေက ဘာကိုဆိုလိုတာလဲ
ကားတွေရဲ့ ဆီဂိတ်တွေမှာ ပုံမှန်အားဖြင့် သင်္ကေတ E, F နှင့် ဆီတိုင်ဂီပန့် ပုံစံဆိုပြီး သင်္ကေတ 3 မျိုးပါဝင်တတ်ကြပါတယ်။ F သင်္ကေတလေးဟာ Full ကိုကိုယ်စားပြုပြီးတော့ ဆီတိုင်ကီမှာ ဆီအပြည့်ရှိတယ်ဆိုတာကိုဆိုလိုတာဖြစ်ပါတယ်။ဆီတိုင်ဂီပန့်ပုံစံ သင်္ကေတလေးကတော့ E နှင့် F ရဲ့အလယ်တည့်တည့်မှာရှိပြီးတော့ ဆီတိုင်ဂီမှာ ဆီတစ်ဝက်လျော့နေပြီး ဆီဖြည့်သင့်ပြီလို့ဆိုလိုပါတယ်။
နောက်ဆုံး သင်္ကေတ E ကတော့ ယာဉ်မောင်းနှင်သူအများစု ထင်တတ်ကြသလို ဆီတိုင်ဂီမှာ ဆီမရှိတော့တာဆိုတဲ့ Empty ရဲ့ E ကိုဆိုလိုတာမဟုတ်ဘဲ အရေးပေါ် ဆီဖြည့်ဖို့လိုအပ်နေပြီဆိုတဲ့ Emergency ရဲ့ Eကိုဆိုလိုတာပါ။
ဒါဆိုရင် ဆီဂိတ်မှာ E သင်္ကေတလေး ညွှန်တံရောက်နေပြီဆိုရင် ကားဆက်မောင်းလို့ရနိုင်သေးလား
ဆီဂိတ်မှာ E သင်္ကေတလေး မီးနီနေပြီဆိုရင် ဆီတိုင်ဂီမှာ ဆီဟာ ပျမ်းမျှအားဖြင့် ဆီတိုင်ဂီရဲ့ ၈ပုံ ၁ပုံ သိုမဟုတ် ၁၀ပုံ ၁ပုံစီကျန်ရှိသေးတဲ့ အတွက်ကားကို ရပ်လိုက်စရာမလိုဘဲ ဆက်မောင်းလို့ရနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီလိုဆက်မောင်းဖို့ရင် မိတ်ဆွေတို့ အနေနဲ့ လက်ကျန်ဆီပမာဏနဲ့ သွားလိုတဲ့ ခရီးမိုင်ကိုသေချာတွက်ချက်နိုင်ဖို့လိုအပ်ပါတယ်။ ခရီးမိုင်ပေါ်မူတည်ပြီး ဆီပမာဏတွက်ချက်မယ်ဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကားအမျိုးအစား၊ ကားအဟောင်းအသစ်နှင့် ဆီစားမစားအပေါ်မူတည်တွက်ချက်ခန့်မှန်းရမှာပါ။ အကောင်းဆုံးကတော့ E သင်္ကေတလေး မီးနီနေပြီဆို google map က ဆီလက်ကျန်နဲ့ သွားလို့ရလောက်မယ့် နေနီးစပ်ရာဆိုင်ကိုအမြန်ဆုံးတာပဲ ဖြစ်ပါတယ်။
E သင်္ကေတ ရောက်နေရင်းနဲ့ ဆက်မောင်းနေမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ
E သင်္ကေတ ရောက်နေရင်းနဲ့ ဆက်မောင်းနေမယ်ဆိုရင် ဆီကုန်သွားပြီး စက်ထိုးရပ်သွားရုံတင်မကဘဲ လူပြတ်တဲ့ ခရီးဝေးလမ်းတွေမှာသာ ရပ်သွားခဲ့မယ်ဆိုရင် မမျှော်မှန်းထားတဲ့ အန္တရာယ်အခက်အခဲ မျိုးစုံကြုံနိုင်ပါတယ်။ ဒီ့အပြင် အင်ဂျင်လည်ပတ်ဖို့ ဆီတိုင်ဂီမှာ ဆီအလုံအလောက်မရှိတဲ့အတွက် အင်ဂျင် အပူလွန်ကဲတဲ့ ပြဿနာတွေဖြစ်လာနိုင်ပြီးတော့ ဆီတိုင်ဂီရဲ့ အောက်မှာရှိတဲ့ အနည်တွေ အင်ဂျင်အတွင်းကိုရောက်သွားနိုင်တဲ့အတွက်ကြောင့် နောက်ဆက်တွဲပြဿနာတွေမျိုးစုံကြုံလာနိုင်ပါတယ်
E သင်္ကေတလေးကို ညွှန်တံရောက်လာတဲ့အခါ ဆီတိုင်ဂီမှာ ဆီမရှိတော့တာဆိုတဲ့ Empty ရဲ့ E ကိုဆိုလိုတာမဟုတ်ဘဲ အရေးပေါ် ဆီဖြည့်ဖို့လိုအပ်နေပြီဆိုတဲ့ Emergency ရဲ့ E ဆိုတာကိုသိသွားပြီဆိုတော့ ဆီဂိတ် Eရောက်တိုင်းကားကိုထိုးရပ်ပြီး စိတ်ညစ်မနေတော့ဘဲ နီးစပ်ရာဆီဆိုင်မှာဆီဖြည့်ပြီး လိုရာခရီးကို အခက်အခဲမရှိသွားနိုင်ကြလိမ့်လို့မျှော်လင့်ပါတယ် ခင်ဗျ။
စက်ယန္တရားနဲ့ပါတ်သက်တဲ့ ဗဟုသုတတွေနဲ့ တခြားအကြောင်းအရာမျိုးစုံတွေကို လေ့လာဖတ်ရှဖို့အတွက် အောက်ပါလင့်ကိုနှိပ်ပြီး ဝင်ရောက်နိုင်ပါတယ်
စက်ယန္တရားနဲ့ပါတ်သက်တဲ့ ဘာပဲလိုလို တစ်နေရာထဲနဲ့ ပြီးပြည့်စုံဖို့
BUDOZAR Online Machinery & Spare Parts Marketplace နဲ့ ဆက်သွယ်လိုက်ပါ
+95(9)962836927