Category: Uncategorized @mm

on

ဒီနေ့‌‌ဝေမျှပေးလိုက်တာက‌တော့ မော်တော်ဆိုင်ကယ်စီးနင်းသူတွေ‌ေလ့လာမှတ်သားထားသင့်တဲ့ “အစိတ်အပိုင်းအမည်တွေ” အကြောင်းသိမှတ်ဖွယ်ဖြစ်ပါတယ်။ ပုံကိုကြည့်ပြီး လေ့လာမှတ်သားထားလိုက်ပါဦး!

on

စိတ်ဓါတ်ကျခဲ့ရင် ၃_စင်တီမီတာကိုသတိရပါ…
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့ ၄ နှစ်အချိန်ပေးရပါတယ်။ အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့ ဝါးပင်တစ်ပင်ဟာ ၁ ရက် ကို ၃၀ စင်တီမီတာ အထိကြီးထွားနိုင်ပါတယ်။
.
၆ ပတ်အတွင်း ၁၅ မီတာ လောက်အမြင့်ကိုရောက်နိုင်တယ်။ ဒါဟာ ဘာလို့လဲဆိုတော့ ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်မမြင်ရတဲ့ချိန်မှာ ကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ ဝါးပင်လေးကို သတိရစေချင်ပါတယ်။
ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။

အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။ ကိုယ်က ၁၀၀ မီတာ မြင့်ချင်ရင် ၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။ အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ် လို့ထင်ပါတယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲ စိတ်ဓာတ်ကျပြီးတော့ နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။ ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊ကြိုးစားနေသ၍ တစ်ရက်ကျရင် အမြင့်ကိုရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။ အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်များနေတာပေါ့ ။ ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့ သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ။ စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။

#Credit_original creator

on

သင့်ယာဥ်ရဲ့ အင်ဂျင်၀ိုင်ကဘာအရောင်ရှိနေပြီလဲ? ယာဉ်မောင်းအများစုကတော့ ဒါကို အမှုမဲ့အမှတ်မဲ့ပါပဲ တဲ့။ ဘယ်အရောင်က ဘာကိုညွှန်ပြနေသလဲဆိုတာ သိရဖို့ ခဏဖတ်ကြည့်လိုက်ပါ။
(1) Milky, Foamy, and Cream-colored Oil
နို့နှစ်၊ အမြှုပ် (သို့) မုန့်နှစ်လိုဖြစ်နေတဲ့ Engine Oil က Head Gasket ယိုစိမ့်မှုရှိတာကိုပြနေတာပါ။ အထူးသဖြင့်အိပ်ဇောက မီးခိုးအဖြူရောင်ထွက်တာ၊ Coolant ပျက်တာကိုတွေ့ရပြီဆိုရင် ဒါကပိုသေချာပါတယ်။
(2) Thick and Dark Oil
ထူပျစ်မည်းညစ်နေတဲ့ Engine Oil က များသောအားဖြင့် အမှိုက် သို့ အညစ်အကြေးတွေကို စုပုံနေတာကိုဖော်ပြနေတာဖြစ်ပါတယ်။ အင်ဂျင်က ဖုန်မှုန့်တွေအများကြီးနဲ့ ထိတွေ့ထားပြီးပြီဆိုရင် ထူပျစ်မည်းညစ်နေတဲ့ Engine Oil ကို အသစ်နဲ့ လဲရတော့မယ့်အချိန်ပါပဲ။
(3) Creamy, Frothy Oil
အမြှုပ်တွေထနေတဲ့ Engine Oil က ရေညစ်ညမ်းမှုရှိကြောင်းကိုညွှန်ပြနေတာပါ။ ဒါဆိုရင်တော့ မီးခိုးအဖြူရောင်နဲ့ Coolant Level တွေကို စစ်ကိုစစ်ကြည့်ရမှာဖြစ်ပါတယ်။

on

သင့်ဆိုင်ကယ်ရဲ့တာယာတွေကို ဂရုစိုက်ထိန်းသိမ်းရတာက ဘာမှမခက်ခဲပါဘူး။ ပုံမှန်ဂရုစိုက်ထိန်းသိမ်းမှုက တာယာနဲ့သက်ဆိုင်တဲ့ပြဿနာ‌ေတွကိုရှောင်ရှားနိုင်စေမှာဖြစ်လို့ မတော်တဆမှု‌ေတွနဲ့ကင်း‌ေဝး‌ေစနိုင်ပါတယ်။

ဆိုင်ကယ်တာယာတွေအတွက် အောက်ကအချက်တွေကိုဂရုစိုက်ပေးရုံပါပဲ
?၁။ တာယာတွေမှာ အကောင်းဆုံးဖိအားအခြေအနေရှိနေပါစေ။
?၂။ ပုံမှန်ဆေးကြောသန့်ရှင်း‌ေပးပါ။
?၃။ ပျက်တာနဲ့ ချက်ချင်းပြုပြင်ပါ။
?၄။ တာယာအဟောင်းကိုဆက်မသုံးပါနဲ့။ အသစ်လဲလိုက်ပါ။
?၅။ သင့်လျော်မှန်ကန်တဲ့တာယာအမျိုးအစားကိုပဲ ‌ေရွးသုံးပါ။