Coolant တွေကို ရေထပ်ရောပြီးအသုံးပြုဖို့လိုအပ်လား

on
Categories: Blogs

အရင်ခေတ်ကားတွေမှာတော့ အင်ဂျင်အအေးခံရည် (Coolant) ကို အသုံးမပြုဘဲ ရိုးရိုးရေကိုသာ အသုံးပြုခဲ့ကြပါတယ်။ သို့ပေမယ့် ရိုးရိုးရေအသုံးပြုခြင်းဟာ အင်ဂျင်အအေးပေးစနစ်နဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေကို အချိန်ကြာလာတာနဲ့အမျှ ထိခိုက်ပျက်စီးစေနိုင်တာမို့ ရေအစား Coolant တွေကို အစားထိုးအသုံးပြုလာကြတာပါ။

Coolant တွေကို အများအားဖြင့် Antifreeze လို့ ခေါ်ဝေါ်ကြပြီး Ethylene (or) Propylene Glycol ရယ်၊ ရေရယ်ကို ရောနှောထားတဲ့အရည်တစ်မျိုးဖြစ်ပါတယ်။
အပူပိုင်းဒေသအတွက်ထုတ်လုပ်ထားတဲ့ Coolant တွေမှတော့  Antifreeze မပါဝင်ပါဘူး။ Antifreeze ကြောင့် ကားရဲ့အပူချိန်ကိုတိုးလာစေပြီး အပူချိန်ကျဆင်းဖို့လည်း နှေးတာကြောင့် အင်ဂျင် Heat တက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

Coolant အရောင်ကွဲပြားမှု
Coolant  ရဲ့  မူလအရောင်မှာ  ရေ  အရောင်တိုင်းသာဖြစ်ပြီး  Coolant   အရောင်ပေါ်မူတည်ပြီး  စွမ်ဆောင်ရည်ကွာခြားခြင်းမျိုးလည်း မရှိပါ။
Coolant တွေမှာ အရောင်တွေပါဝင်နေရတဲ့ ထူးခြားချက်က ရေယိုစိမ့်မှု ဖြစ်ပွားတဲ့အခါ အလွယ်တကူမြင်တွေ့နိုင်ပါတယ်။ အခု နောက်ပိုင်း Coolant အသုံးပြုတဲ့ကားတွေမှာ ရေယိုစိမ့်မှုတွေဖြစ်တဲ့အခါ Coolant မှာပါဝင်တဲ့အရောင်တွေကြောင့် ဘယ်နားမှာ ရေယိုစိမ့်မှုတွေ ဖြစ်တယ်ဆိုတာ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပြီး ပြုပြင်မှုတွေလုပ်နိုင်ပါတယ်။

ကားလောကဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တဲ့ Coolant အမျိုးအစား (၂) မျိုးရှိပါတယ်

Concentrate Type (အဆီရည်)
ဒီ Concentrate Type ဆိုတာကိုတော့ ဈေးကွက်ထဲမှာ အဆီရည်လို့ခေါ်ပြီး  ဒီအတိုင်းအသုံးပြုလို့မရပါဘူး ရေရောပြီး အသုံးပြုရမှာဖြစ်ပါတယ်။ များသောအားဖြင့်တော့ 50:50 အချိုးဖြစ်တဲ့ အဆီ ၁ ဆ၊ ရေ ၁ ဆ ရောနှောအသုံးပြုရမှာပါ။

ဝယ်ယူထားတဲ့ Coolant ဘူးမှာ Concentrate လို့ရေးထားရင် ရေရောသုံးရမှာဖြစ်ပြီး ထုတ်လုပ်တဲ့ကုမ္ပဏီက သတ်မှတ်ပေးလိုက်တဲ့ အချိုးအစားအတိုင်း ( 40:60 , 30:70 , 50:50) အစရှိသဖြင့် ရေသန့်နဲ့ ရောနှောအသုံးပြုရမှာပါ။ Concentrate တွေကို ရေမရောဘဲ အသုံးပြုမိရင် အဆီရည်ရဲ့ပြင်းအားကြောင့် ရေတိုင်ကီတွေပေါက်တာ၊ ရေလည်အုံတွေပျက်တာ၊ သံအင်ဂျင်နဲ့ သတ္တုအင်ဂျင်တွေကိုပျက်စီးစေတာတွေ ဖြစ်နိုင်ပါတယ်။

Pre-Mix (ရေရောပြီးသား)
ဒီ Pre-Mix Type ကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီတွေက သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရေရောနှောပြီးသား အသင့်သုံးဖြစ်ပါတယ်။ ဝယ်ယူလိုက်တဲ့ Coolant ဘူးမှာ Pre-Mix လို့ပါရင် ရေရောစရာမလိုဘဲ အသင့်သုံးစွဲနိုင်တာဖြစ်လို့ ထပ်မံရေရောလို့မရပါဘူး။ ထပ်မံရေရောလိုက်ရင် Coolant တွေရဲ့ Quality အရည်အသွေးမပြည့်မီတော့ဘဲ စံချိန်စံညွှန်းအတိုင်းအလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

ရေရောသုံးရမယ့် Coolant နဲ့ ရေအသင့်ရောနှောထားပြီးသား Coolant  ရယ်လို့ ခွဲခြားသတိပြုအသုံးပြုဖို့ လိုပါမယ်။

ဒီလောက်ဆိုရင်တော့  အင်ဂျင်အအေးခံရည် (Coolant)  နဲ့ပါတ်သက်ပြီး ရေရောသုံးရမလား  မရောဘဲသုံးရမလားဆိုတာကို  နားလည်သိရှိပြီး ဗဟုသုတတစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။  စာအဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

စက်ယန္တရားနဲ့ပါတ်သက်တဲ့  ဗဟုသုတတွေ  တခြားအကြောင်းအရာမျိုးစုံတွေကို လေ့လာဖတ်ရှဖို့အတွက် အောက်ပါလင့်ကိုနှိပ်ပြီး ဝင်ရောက်နိုင်ပါတယ်

စက်ယန္တရား‌နဲ့ပါတ်သက်တဲ့ ဘာပဲလိုလို တစ်နေရာထဲနဲ့  ပြီးပြည့်စုံဖို့
BUDOZAR Online Machinery Marketplace နဲ့ ဆက်သွယ်လိုက်ပါ
+95(9)962836927
www.budozar.com
#OnlineMachineryandSparePartsMarketplace
#ProvidesAllYourMachineryNeeds
#BUDOZAR
#Coolant #Premix