Diesel Generator တွေကို ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲ?

on
Categories: Blogs

ဒီဇယ်က နာရီကြာကြာမောင်းလို့ရတာကြောင့် ဆီဖိုးကုန်ကျစရိတ်သက်သာလို့ ဒီဇယ်မီးစက်တွေကို လူသုံးများပါတယ်။ ပြီးတော့ ရေရှည်သုံးလို့ရတော့ ပြုပြင်ထိန်းသိမ်းစရိတ်လည်း သိပ်မကုန်ပါဘူး။ ပုံမှန်အားဖြင့်ကတော့ ဒီဇယ်မီးစက်တစ်လုံးက နာရီ ၅၀၀ တစ်ခါ ပြုပြင်ထိန်းသိမ်းပေးဖို့လိုပါတယ်။ ဒီဇယ်မီးစက်အတွက် ကြိုတင်ကာကွယ်ထိန်းသိမ်းမှုဆိုင်ရာလုပ်ဆောင်ဖွယ်တွေထဲမှာ –
(၁) ပုံမှန် အထွေထွေပြုပြင်ထိန်းသိမ်းမှု
(၂) ချောဆီအရည်အသွေးစစ်ဆေးမှု
(၃) အအေးစနစ်စစ်ဆေးမှု
(၄) လောင်စာဆီစနစ်စစ်ဆေးမှု
(၅) ဘက်ထရီစစ်ဆေးမှု
(၆) ပုံမှန်အင်ဂျင်ပြုပြင်ထိန်းသိမ်းမှု
(၇) ပုံမှန်သန့်ရှင်းပေးမှု စတဲ့အချက်တွေပါ၀င်ပါတယ်။
ဒီဇယ်မီးစက်ရဲ့အင်ဂျင်အတွက် အရည်အသွေးညံ့တဲ့ အာမခံချက်မရှိတဲ့အင်ဂျင်တွေတပ်ဆင်လို့မဖြစ်ပါဘူး၊ အရည်အသွေးကောင်းတဲ့ စိတ်ချရတဲ့အင်ဂျင်မျိုးကိုပဲ ရွေးချယ်အသုံးပြုရမှာပါ။