“ဒီဇယ်အင်ဂျင်ရဲ့အားသာချက်နဲ့ အားနည်းချက်တွေကို အတိုချူံးလေးမျှဝေလိုက်ပါတယ်ခင်ဗျာ”
အားနည်းချက်များ
ဈေးကြီးပါတယ်။ ဒီဇယ်အင်ဂျင်တပ်ယာဉ်တွေက ထုံးစံအတိုင်း တခြားအင်ဂျင်တွေထက် ပိုဈေးကြီးပါတယ်။ မြင့်မားတဲ့အပူချိန်မှာ ရုန်းနိုင်အောင်ထုတ်လုပ်ထားလို့ သူ့ရဲ့အလေးချိန်နဲ့ကိုယ်ထည်က ခိုင်ခံ့ပြီးလေးလံပါတယ်။ပြီးတော့ ကြီးမားတဲ့အင်ဂျင်ဖြစ်တဲ့အတွက် အခြားအင်ဂျင်တွေထက်ပိုပြီး တုန်ခါမှုနဲ့ စက်သံ ပိုကျယ်လောင်ပါတယ်။ ဒီဇယ်ဆီဈေးနှုန်းကလည်း ဓာတ်ဆီထက်ပိုပြီးများပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ဒီဇယ်အင်ဂျင်ကို သေချာထိန်းသိမ်းရင်တော့ ကြာရှည်အသုံးခံပါတယ်။ ဒါပေမဲ့ အင်ဂျင်ပျက်လို့ပြုပြင်ဖို့လိုလာပြီဆိုရင်လည်း ဓာတ်ဆီမော်တာတွေထက် ပိုပြီးကုန်ကျမှုများမှာဖြစ်ပါတယ်။
အားသာချက်များ
ကြာရှည်အသုံးခံစွမ်းမြင့်မားပါတယ် ဘာလို့လဲဆိုတော့ သူတို့က မြင့်မားတဲ့အပူချိန်မှာ တခြားအင်ဂျင်တွေထက် ပိုရုန်းနိုင်အောင်ထုတ်လုပ်ထားလို့ပါ။ ဒါပေမဲ့ ထိန်းထိန်းသိမ်းသိမ်းအသုံးပြုဖို့တော့ လိုပါတယ်။ နောက်တစ်ခုကတော့ ဒီဇယ်အင်ဂျင်တွေက တစ်ခြားအင်ဂျင်တွေထက် အင်ဂျင် Torque အားပိုကောင်းပါတယ်။ ဆီစားလည်းသက်သာပါတယ်။ ဒါကြောင့် ဒီဇယ်အင်ဂျင်ကားနဲ့ကားဆွဲတဲ့အချိန်မှာ ဒါမမဟုတ် ဝန်အများကြီးသယ်တဲ့အခါမှာ ဒီဇယ်အင်ဂျင်ကားက သင့်အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မှာပါ။ ဒီဇယ်အင်ဂျင်တွေက အကြမ်းခံတဲ့အတွက် ရောင်းဖို့ဆန္ဒရှိလို့ပြန်ရောင်းရင်လည်း ဈေးကောင်းရမှာပါ။
