Category: Blogs

on
ယာဉ်မောင်းနှင်ကြသူအများစုက သူတို့ရဲ့ယာဉ်မောင်းသက်တမ်းတစ်လျှောက်မှာ ကားရဲ့ဆီတိုင်ကီမှာ ဆီဖြည့်ဖို့မေ့သွာ၍ ဖြစ်စေ၊ ခရီးလမ်းကြောင်းက မျှော်မှန်းထားတာထက် ပိုများသွား၍ဖြစ်စေ အကြောင်းအရာ အမျိုးမျိူးကြောင့် ကားဆီဂိတ်မှာ ဆီကုန်ကြောင်း အလမ်း Alarm (E)တဲ့ အခြေအနေမျိုးကို မကြာခဏဆိုသလို ကြုံတွေ့ ကြရပါတယ်.ဒီနေရာမှာ တစ်ချို့ယာဉ်မောင်းနှင်သူတွေက ကားဆီဂိတ် Fuel Gauge မှာ E သင်္ကေတလေးကို ညွှန်တံရောက်လာတဲ့အခါ ဆီတိုင်ကီမှာ ဆီမရှိတော့တဲ့အတွက် ကားကိုဆက် မောင်းသင့်တော့ဘူးလို့ ယူဆတတ်ကြပါတယ် 
ဒီအယူအဆ မှန် မမှန်ဆိုတာကို ဆက်ပြီလေ့လာကြည့်လိုက်ကြရအောင်
ဆီဂိတ်မှာပါတဲ့ သင်္ကေတလေးတွေက ဘာကိုဆိုလိုတာလဲ
                ကားတွေရဲ့ ဆီဂိတ်တွေမှာ ပုံမှန်အားဖြင့် သင်္ကေတ E, F နှင့် ဆီတိုင်ဂီပန့်  ပုံစံဆိုပြီး သင်္ကေတ 3 မျိုးပါဝင်တတ်ကြပါတယ်။ F သင်္ကေတလေးဟာ Full ကိုကိုယ်စားပြုပြီးတော့ ဆီတိုင်ကီမှာ ဆီအပြည့်ရှိတယ်ဆိုတာကိုဆိုလိုတာဖြစ်ပါတယ်ဆီတိုင်ဂီပန့်ပုံစံ သင်္ကေတလေးကတော့ E နှင့် F ရဲ့အလယ်တည့်တည့်မှာရှိပြီးတော့ ဆီတိုင်ဂီမှာ ဆီတစ်ဝက်လျော့နေပြီး ဆီဖြည့်သင့်ပြီလို့ဆိုလိုပါတယ်
                နောက်ဆုံး သင်္ကေတ E ကတော့ ယာဉ်မောင်းနှင်သူအများစု ထင်တတ်ကြသလို ဆီတိုင်ဂီမှာ ဆီမရှိတော့တာဆိုတဲ့ Empty  ရဲ့  E ကိုဆိုလိုတာမဟုတ်ဘဲ အရေးပေါ် ဆီဖြည့်ဖို့လိုအပ်နေပြီဆိုတဲ့ Emergency ရဲ့  Eကိုဆိုလိုတာပါ။
ဒါဆိုရင် ဆီဂိတ်မှာ E သင်္ကေတလေး ညွှန်တံရောက်နေပြီဆိုရင် ကားဆက်မောင်းလို့ရနိုင်သေးလား
                ဆီဂိတ်မှာ E သင်္ကေတလေး မီးနီနေပြီဆိုရင် ဆီတိုင်ဂီမှာ ဆီဟာ ပျမ်းမျှအားဖြင့် ဆီတိုင်ဂီရဲ့ ၈ပုံ ၁ပုံ သိုမဟုတ် ၁၀ပုံ ၁ပုံစီကျန်ရှိသေးတဲ့ အတွက်ကားကို ရပ်လိုက်စရာမလိုဘဲ ဆက်မောင်းလို့ရနိုင်ပါသေးတယ်ဒါပေမယ့် ဒီလိုဆက်မောင်းဖို့ရင် မိတ်ဆွေတို့ အနေနဲ့  လက်ကျန်ဆီပမာဏနဲ့  သွားလိုတဲ့ ခရီးမိုင်ကိုသေချာတွက်ချက်နိုင်ဖို့လိုအပ်ပါတယ်။ ခရီးမိုင်ပေါ်မူတည်ပြီး ဆီပမာဏတွက်ချက်မယ်ဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကားအမျိုးအစား၊ ကားအဟောင်းအသစ်နှင့် ဆီစားမစားအပေါ်မူတည်တွက်ချက်ခန့်မှန်းရမှာပါ။   အကောင်းဆုံးကတော့  E  သင်္ကေတလေး မီးနီနေပြီဆို google map က ဆီလက်ကျန်နဲ့ သွားလို့ရလောက်မယ့် နေနီးစပ်ရာဆိုင်ကိုအမြန်ဆုံးတာပဲ ဖြစ်ပါတယ်။
E သင်္ကေတ ရောက်နေရင်းနဲ့ ဆက်မောင်းနေမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ
                E သင်္ကေတ ရောက်နေရင်းနဲ့ ဆက်မောင်းနေမယ်ဆိုရင် ဆီကုန်သွားပြီး စက်ထိုးရပ်သွားရုံတင်မကဘဲ လူပြတ်တဲ့ ခရီးဝေးလမ်းတွေမှာသာ ရပ်သွားခဲ့မယ်ဆိုရင် မျှော်မှန်းထားတဲ့ အန္တရာယ်အခက်အခဲ မျိုးစုံကြုံနိုင်ပါတယ်ဒီအပြင် အင်ဂျင်လည်ပတ်ဖို့ ဆီတိုင်ဂီမှာ ဆီအလုံအလောက်မရှိတဲ့အတွက် အင်ဂျင် အပူလွန်ကဲတဲ့ ပြဿနာတွေဖြစ်လာနိုင်ပြီးတော့ ဆီတိုင်ဂီရဲ့ အောက်မှာရှိတဲ့ အနည်တွေ အင်ဂျင်အတွင်းကိုရောက်သွားနိုင်တဲ့အတွက်ကြောင့် နောက်ဆက်တွဲပြဿနာတွေမျိုးစုံကြုံလာနိုင်ပါတယ်
                E သင်္ကေတလေးကို ညွှန်တံရောက်လာတဲ့အခါ ဆီတိုင်ဂီမှာ ဆီမရှိတော့တာဆိုတဲ့ Empty  ရဲ့  E ကိုဆိုလိုတာမဟုတ်ဘဲ အရေးပေါ် ဆီဖြည့်ဖို့လိုအပ်နေပြီဆိုတဲ့ Emergency ရဲ့  E ဆိုတာကိုသိသွားပြီဆိုတော့ ဆီဂိတ် Eရောက်တိုင်းကားကိုထိုးရပ်ပြီး စိတ်ညစ်မနေတော့ဘဲ နီးစပ်ရာဆီဆိုင်မှာဆီဖြည့်ပြီး လိုရာခရီးကို အခက်အခဲမရှိသွားနိုင်ကြလိမ့်လို့မျှော်လင့်ပါတယ် ခင်ဗျ။                
                  စက်ယန္တရားနဲ့ပါတ်သက်တဲ့  ဗဟုသုတတွေနဲ့    တခြားအကြောင်းအရာမျိုးစုံတွေကို   လေ့လာဖတ်ရှဖို့အတွက် အောက်ပါလင့်ကိုနှိပ်ပြီး  ဝင်ရောက်နိုင်ပါတယ်
စက်ယန္တရား‌နဲ့ပါတ်သက်တဲ့ ဘာပဲလိုလို တစ်နေရာထဲနဲ့  ပြီးပြည့်စုံဖို့ 
BUDOZAR Online Machinery & Spare Parts Marketplace နဲ့ ဆက်သွယ်လိုက်ပါ
+95(9)962836927  
Categories: Blogs
170

on
Starter Motor ဆိုတာ လျှပ်စစ်မော်တာတစ်လုံးဖြစ်ပြီး အင်ဂျင်ကိုစတင်လည်ပတ်အောင် လုပ်ပေးတာဖြစ်ပါတယ်။ စွမ်းအားကောင်းတဲ့ Direct Current (DC) အမျိုးအစားဖြစ်ပြီး Starter Solenoid ကလည်း ကပ်လျှက်တွဲနေပါတယ်။ ကားတိုင်းလိုလိုမှာ Starter Motor ကို ဂီယာနဲ့တွဲထားလေ့ရှိပါတယ်။
              ကားရဲ့ဘတ္ထရီနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်ပြီး ကားအင်ဂျင်ကိုလည်ပတ်စေနိုင်ဖို့ အားကောင်းတဲ့ လျှပ်စီးစွမ်းအားလိုအပ်ပါတယ်။ ဒါကြောင့် ဘတ္ထရီအားပြည့်ပြီးကောင်းမွန်နေဖို့ အထူးအရေးကြီးပါတယ်။ 
              အားထိန်းနိုင်စွမ်းလျှော့လာတဲ့ ဘတ္ထရီက ကားမီးတွေဖွင့်လျှင်လင်းနိုင်ပေမယ့် ကားအင်ဂျင်ကိုတော့ ကောင်းကောင်း လှည့်ပေးနိုင်လောက်တဲ့လျှပ်စီးအားကို မော်တာဆီမပို့ပေးနိုင်တော့ပါဘူး။
Starter Motor စက်စ နိုးအောင်ဘယ်လိုအလုပ်လုပ်လဲ
              စက်နိုးအောင်သော့ကိုလှည့်လိုက်တာ၊ ခလုတ်ကို နှိပ်လိုက်တာပဲဖြစ်ဖြစ် ဂီယာက P (သိုမဟုတ်) မှာတိုးထားရင် ဘတ္တရီရဲ့လျှပ်စစ်ဗိုအားတွေကို Starter Control circuit ကတဆင့် Starter Solenoid ဆီရောက်အောင်ပိုလွှတ်ပေးပါတယ်။
              
              Starter solenoid က starter motor ဆီကိုထပ်မံပို့လွှတ်ရုံသာမက တပြိုင်တည်းမှာပဲ starter gear ကိုရှေ့သိုတွန်းပြီး အင်ဂျင်ရဲ့ ဖလိုင်းဝှီး (သို့) အော်တိုဂီယာ flexplate နဲ့ ချိတ်ဆက်မိစေပါတယ်။ ဖလိုင်းဝှီးက အင်ဂျင် ကရိုင်းရှပ်နဲ့တဆက်တည်းမို့ starter motor က ဖလိုင်းဝှီးကိုလှည့်ပေးတော့ အင်ဂျင်စလည်ပါတော့တယ်။ 
              
              သော့နဲ့လှည့်ရင် starter motor လည်စေနိုင်ပေမယ့် ခလုပ်နှိပ်တဲ့ PUSH START မှာတော့ အင်ဂျင်စလည်တာနဲ့ starter motor လည်စေတဲ့စနစ်ကို အော်တိုဖြုတ်ချထားလိုက်ပါတယ်။ 
Starter Motor မကောင်းရင်တွေ့နိုင်တဲ့ လက္ခဏာများ
              ကားအင်ဂျင်ကို နှိုးတဲ့အခါ လှုပ်ကိုမလှုပ်တာ ၊ ချက် ခနဲတစ်ချက်သာမော်တာလည်ပြီး မထူးခြားတော့တာ တွေ့တာနဲ့ Starter Motor အလုပ်မလုပ်တော့တာဖြစ်ပါတယ်။ 
              
              ဘတ္ထရီမကောင်းတာဖြစ်နိုင်သလို ၊ မော်တာမကောင်းတာလဲဖြစ်နိုင်ပါတယ်။ Starter Control Terminal က ဘတ္ထရီအားဝင်တဲ့နေရာမှာ အားတိုင်းကြည့်လိုက်လို (12v) အားအပြည့်ပြနေရင်တော့ မော်တာမကောင်းတော့တာသေချာပါပြီ။
              
              စက်နှိုးတဲ့အခါ မော်တာလည်နေပေမယ့်လည်း အင်ဂျင်မနိုး၊ တခါတရံ စက်နှိုးတဲ့အခါ စက်မနိုးတဲ့အပြင် ခြစ်ပြီးလည်တဲ့အသံထွက်လာရင်တော့ Starter Motor ရဲ့ Flex plate (သို့မဟုတ်) Flywheel မှာရှိတဲ့ Ring gear ရဲ့ အသွားစိပ်လေးတွေ ပျက်စီးနေတာဖြစ်နိုင်ပါတယ်။
              
              Starter motor က အင်ဂျင်ကိုလည်စေဖို့ဆိုတာ မြင့်မားတဲ့လျှပ်စီးစွမ်းအား လိုအပ်ပါတယ်။ ဒါကြောင့်မိုလိုပဲ ဘတ္ထရီက အပေါင်း (+) ကြိုးက အလုံးကြီးပြီးတုတ်တာကိုသုံးပြီး Starter Solenoid ဆီ တိုက်ရိုက်လာဆက်တာဖြစ်ပါတယ်။ ဘတ္ထရီရဲ့ အနှုတ် (-) ကြိုးကတော့ Starter motor နားမှာရှိတဲ့ အင်ဂျင်ဘလောက် (သို) ဂီယာဘောက်ဆီလာ ချိတ်ဆက်ထားပါတယ်။ တခါတလေ ဘတ္ထရီအပြောင်းအလဲလုပ်ပြီး ကြိုးတွေပြန်တပ်တဲ့အခါ ချောင်နေရင် Starter motor အလုပ်မလုပ်တာ ဖြစ်တက်ပါတယ်။
              
              Starter Motor ရဲ့ လည်ပတ်တဲ့အသံပြောင်းလဲမှုတွေ၊ ထူးခြားမှုတွေကို  အင်ဂျင်တစ်လုံး မောင်းနှင်ဖို့  စတင်နှိုးတဲ့အချိန်တိုင်းမှာ  သတိပြူမိနေဖို့လည်းလိုအပ်ပြီး  အင်ဂျင်လည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။              
              
စက်ယန္တရားနဲ့ပါတ်သက်တဲ့  ဗဟုသုတတွေနဲ့ တခြားအကြောင်းအရာမျိုးစုံတွေကို လေ့လာဖတ်ရှဖို့အတွက် အောက်ပါလင့်ကိုနှိပ်ပြီး  ဝင်ရောက်နိုင်ပါတယ်
စက်ယန္တရား‌နဲ့ပါတ်သက်တဲ့ ဘာပဲလိုလို တစ်နေရာထဲနဲ့  ပြီးပြည့်စုံတဲ့
BUDOZAR Online Machinery & Spare Parts Marketplace နဲ့ ဆက်သွယ်လိုက်ပါ
+95(9)962836927  
www.budozar.com 
Categories: Blogs
184

on

စက်ယန္တယားတွေနဲ့ကားတွေမှာ Air Filter ဟာ အရေးပါလွန်းတဲ့ အခန်းကဏ္ဍကနေပါဝင်လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့်မို့ Air Filter တွေကို ဂရုတစိုက်နဲ့ သန့်ရှင်းရေးလုပ်ပေးဖို့လိုအပ်သလို စစ်ဆေးပြီး အသစ်လဲသစ်ရင်လည်း လဲပေးရပါမယ်။

ဘယ်လိုအချက်လေးတွေကို သတိထားမိရင် Air Filter တွေကို သန့်ရှင်းရေးလုပ်ပေးသင့်လဲဆိုတာကို တစ်ချက်လောက်လေ့လာကြည့်ပါ။

1. Air Filter ကိုယ်ထည်ညစ်ပတ်ခြင်း။

Air Filter တစ်လုံးဟာ တဖြည်းဖြည်းနဲ့ အမဲရောင်ဘက်သမ်းလာပြီဆိုရင် သင့် Air Filter ကိုသန့်ရှင်းသင့်ပါပြီ။ Air Filter ကို လုံလောက်တဲ့အလင်းရောင်ရမရစစ်ဆေးပြီး အဲ့ဒီအလင်းရောင်ကြောင့် Air Filter ကနေစစ်ထုတ်ပေးနေတဲ့ အမှိုက်သရိုက်တွေ စုပုံနေလား မစုပုံဘူးလားဆိုတာ စစ်ဆေးလို့ရပါတယ်။

2. ဂတ်စ်ဒါမှမဟုတ် ဆီကုန်နေလား။

ဂတ်စ်ဒါမှမဟုတ် ဆီကုန်နေတဲ့ လက္ခဏာပြရင် Air Filter ကိုစစ်ဆေးကြည့်ဖို့လိုပါပြီ။ Air Filter က Fuel အတွက် အထောက်အကူပြုပေးပေမဲ့ ညစ်ပတ်နေတဲ့ Air Filter ဆိုရင်တော့ အောက်ဆီဂျင် စီးဆင်းမှုကို လျော့ကျစေပါတယ်။ဒါကြောင့်မို့လို့ ဂတ်စ်တွေ ဆီတွေကို အကုန်မြန်စေပါတယ်။ဒီလိုဆိုရင်တော့ မဖြစ်ဘူးမလား။ Air Filter ကို သန့်ရှင်းဖို့လိုပါတယ်။

3. လေနဲ့ဆီရဲ့အချိုးနှုန်းကို စစ်ဆေးပြီးပြီလား။

လေနဲ့ဆီရဲ့အချိုးနှုန်းမှာ ဆီအချိုးနှုန်းကပိုများနေရင် အင်ဂျင် ဂျန့်ဖြစ်ပြီး စက်နှိုးတဲ့ ပလပ်ဂ်မှာ ချေးပိတ်နေတတ်ပါတယ်။စက်နှိုးလို့မရတဲ့ အဖြေကိုရှာနေတယ်ဆိုရင်တော့ Air Filter ကိုပါ စစ်ဆေးကြည့်ဖို့ မမေ့ပါနဲ့ဗျာ။

4. စက်ယန္တယားအသံတွေပြောင်းလဲနေရင်…

သင့်စက်ယန္တယားအသံထွက်က ပြောင်းလဲသွားပြီဆိုရင်တော့ Air Filter တွေကို သန့်ရှင်းဖို့လိုပါပြီ။ Air Filter တွေကနေ အောက်ဆီဂျင်တွေ ကောင်းမွန်စွာ မဖြတ်သန်းနိုင်တော့ရင် ကားတွေတုန်ခါလာပြီး အင်ဂျင်အသံတွေဟာလည်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။

5. Engine Light ကိုပါ စစ်ဆေးမယ်။

အင်ဂျင်မှာ အမှိုက်တွေ အနည်ထိုင်နေပြီဆိုရင် Engine Light မှာ မီးမှိတ်တုတ်မှိတ်တုန်ဖြစ်နေတတ် ပါတယ်။ အင်ဂျင်လည်ပတ်ဖို့အတွက် လေရှိမှဖြစ်မှာမို့လို့ Air Filter သာ မသန့်ရှင်းနေရင် အင်ဂျင်မှာ လည်း ပြဿနာတက်နိုင်ပါတယ်။

6. မောင်းနှင်နှုန်း နှေးကွေးနေမယ်ဆိုရင်…

အောက်ဆီဂျင် အထောက်အပံ့ချို့ယွင်းနေရင် စက်ယန္တယားတွေရဲ့ အမြန်နှုန်းနှေးနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ Air Filter ကို သန့်ရှင်းရေးလုပ်မလား အသစ်လဲမလားဆိုတာ စစ်ဆေးသင့်ပါပြီ။

7. မီးခိုးတွေ မီးပွားတွေ အိတ်ဇောပိုက်ကနေ ထွက်နေသလား။

လုံလောက်တဲ့ အောက်ဆီဂျင်သာအင်ဂျင်ဆီမရောက်ဘူးဆိုရင် အင်ဂျင်ချို့ယွင်းနိုင်ပြီးတော့ မီးခိုးငွေ့တွေ၊ မီးပွားတွေ အိတ်ဇောပိုက်ကနေ ထွက်နိုင်ပါတယ်။ အင်ဂျင်ဝိုင်လိုအပ်လို့ မီးခိုးထွက်တာလည်း ဖြစ်နိုင်တာမို့လို့ အင်ဂျင်ဝိုင်ရော Air Filter ကိုပါ စစ်ဆေးသင့်ပါတယ်။
ဒီလိုအချက်တွေကို သေချာစစ်ဆေးပြီး သင့်စက်ယန္တယားများကို ဂရုစိုက်ပါလို့ BUDOZAR ကနေ သတိပေးပါရစေခင်ဗျာ။

on

အရင်ခေတ်ကားတွေမှာတော့ အင်ဂျင်အအေးခံရည် (Coolant) ကို အသုံးမပြုဘဲ ရိုးရိုးရေကိုသာ အသုံးပြုခဲ့ကြပါတယ်။ သို့ပေမယ့် ရိုးရိုးရေအသုံးပြုခြင်းဟာ အင်ဂျင်အအေးပေးစနစ်နဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေကို အချိန်ကြာလာတာနဲ့အမျှ ထိခိုက်ပျက်စီးစေနိုင်တာမို့ ရေအစား Coolant တွေကို အစားထိုးအသုံးပြုလာကြတာပါ။

Coolant တွေကို အများအားဖြင့် Antifreeze လို့ ခေါ်ဝေါ်ကြပြီး Ethylene (or) Propylene Glycol ရယ်၊ ရေရယ်ကို ရောနှောထားတဲ့အရည်တစ်မျိုးဖြစ်ပါတယ်။
အပူပိုင်းဒေသအတွက်ထုတ်လုပ်ထားတဲ့ Coolant တွေမှတော့  Antifreeze မပါဝင်ပါဘူး။ Antifreeze ကြောင့် ကားရဲ့အပူချိန်ကိုတိုးလာစေပြီး အပူချိန်ကျဆင်းဖို့လည်း နှေးတာကြောင့် အင်ဂျင် Heat တက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

Coolant အရောင်ကွဲပြားမှု
Coolant  ရဲ့  မူလအရောင်မှာ  ရေ  အရောင်တိုင်းသာဖြစ်ပြီး  Coolant   အရောင်ပေါ်မူတည်ပြီး  စွမ်ဆောင်ရည်ကွာခြားခြင်းမျိုးလည်း မရှိပါ။
Coolant တွေမှာ အရောင်တွေပါဝင်နေရတဲ့ ထူးခြားချက်က ရေယိုစိမ့်မှု ဖြစ်ပွားတဲ့အခါ အလွယ်တကူမြင်တွေ့နိုင်ပါတယ်။ အခု နောက်ပိုင်း Coolant အသုံးပြုတဲ့ကားတွေမှာ ရေယိုစိမ့်မှုတွေဖြစ်တဲ့အခါ Coolant မှာပါဝင်တဲ့အရောင်တွေကြောင့် ဘယ်နားမှာ ရေယိုစိမ့်မှုတွေ ဖြစ်တယ်ဆိုတာ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပြီး ပြုပြင်မှုတွေလုပ်နိုင်ပါတယ်။

ကားလောကဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တဲ့ Coolant အမျိုးအစား (၂) မျိုးရှိပါတယ်

Concentrate Type (အဆီရည်)
ဒီ Concentrate Type ဆိုတာကိုတော့ ဈေးကွက်ထဲမှာ အဆီရည်လို့ခေါ်ပြီး  ဒီအတိုင်းအသုံးပြုလို့မရပါဘူး ရေရောပြီး အသုံးပြုရမှာဖြစ်ပါတယ်။ များသောအားဖြင့်တော့ 50:50 အချိုးဖြစ်တဲ့ အဆီ ၁ ဆ၊ ရေ ၁ ဆ ရောနှောအသုံးပြုရမှာပါ။

ဝယ်ယူထားတဲ့ Coolant ဘူးမှာ Concentrate လို့ရေးထားရင် ရေရောသုံးရမှာဖြစ်ပြီး ထုတ်လုပ်တဲ့ကုမ္ပဏီက သတ်မှတ်ပေးလိုက်တဲ့ အချိုးအစားအတိုင်း ( 40:60 , 30:70 , 50:50) အစရှိသဖြင့် ရေသန့်နဲ့ ရောနှောအသုံးပြုရမှာပါ။ Concentrate တွေကို ရေမရောဘဲ အသုံးပြုမိရင် အဆီရည်ရဲ့ပြင်းအားကြောင့် ရေတိုင်ကီတွေပေါက်တာ၊ ရေလည်အုံတွေပျက်တာ၊ သံအင်ဂျင်နဲ့ သတ္တုအင်ဂျင်တွေကိုပျက်စီးစေတာတွေ ဖြစ်နိုင်ပါတယ်။

Pre-Mix (ရေရောပြီးသား)
ဒီ Pre-Mix Type ကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီတွေက သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရေရောနှောပြီးသား အသင့်သုံးဖြစ်ပါတယ်။ ဝယ်ယူလိုက်တဲ့ Coolant ဘူးမှာ Pre-Mix လို့ပါရင် ရေရောစရာမလိုဘဲ အသင့်သုံးစွဲနိုင်တာဖြစ်လို့ ထပ်မံရေရောလို့မရပါဘူး။ ထပ်မံရေရောလိုက်ရင် Coolant တွေရဲ့ Quality အရည်အသွေးမပြည့်မီတော့ဘဲ စံချိန်စံညွှန်းအတိုင်းအလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

ရေရောသုံးရမယ့် Coolant နဲ့ ရေအသင့်ရောနှောထားပြီးသား Coolant  ရယ်လို့ ခွဲခြားသတိပြုအသုံးပြုဖို့ လိုပါမယ်။

ဒီလောက်ဆိုရင်တော့  အင်ဂျင်အအေးခံရည် (Coolant)  နဲ့ပါတ်သက်ပြီး ရေရောသုံးရမလား  မရောဘဲသုံးရမလားဆိုတာကို  နားလည်သိရှိပြီး ဗဟုသုတတစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။  စာအဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

စက်ယန္တရားနဲ့ပါတ်သက်တဲ့  ဗဟုသုတတွေ  တခြားအကြောင်းအရာမျိုးစုံတွေကို လေ့လာဖတ်ရှဖို့အတွက် အောက်ပါလင့်ကိုနှိပ်ပြီး ဝင်ရောက်နိုင်ပါတယ်

စက်ယန္တရား‌နဲ့ပါတ်သက်တဲ့ ဘာပဲလိုလို တစ်နေရာထဲနဲ့  ပြီးပြည့်စုံဖို့
BUDOZAR Online Machinery Marketplace နဲ့ ဆက်သွယ်လိုက်ပါ
+95(9)962836927
www.budozar.com
#OnlineMachineryandSparePartsMarketplace
#ProvidesAllYourMachineryNeeds
#BUDOZAR
#Coolant #Premix

Categories: Blogs
274