Website / Facebook Page တွင် ကြော်ငြာပေးခြင်း လုပ်ငန်း သဘောတူညီချက်

BUDOZAR Technology Company Limited သည် အင်တာနက်ပေါ် တွင် https://budozar.com Website / application & facebook page တို့ဖြင့် ၊ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရား များ ၊လယ်ယာသုံး စက်ကိရိယာများ ၊ စက်အပိုပစ္စည်းများ ၊ မီးစက်များ ၊ စက်အစိတ်အပိုင်း အမျိုးမျိုးတို့ကို ရောင်းချခြင်း ၊ ငှားရမ်းခြင်း ၊လဲလှယ်ခြင်း ၊ ပြင်ဆင်ခြင်း အစရှိသည့် ဝန်ဆောင်မှုများကိုကြော်ငြာပေးသည့် ကုမ္ပဏီ ဖြစ်ပါသည်။

ကြော်ငြာလုပ်ငန်းအပ်နှံသူသည် https://budozar.com, website / application & facebook page တွင် မိမိရောင်းချ ၊ ငှားရမ်း ၊ လဲလှယ်လိုသည့် စက်ယန္တရား များ နှင့် ဆက်စပ်ပစ္စည်းမျာ ၊ အပို ပစ္စည်းများ တို့ကိုအောက်ဖော်ပြပါစည်းကမ်း ချက်များနှင့် အညီ ထည့်သွင်းကြော်ငြာရန် သဘောတူညီ ပါသည်။

၁။ ကြော်ငြာလုပ်ငန်း အပ်နှံသူသည် ကြော်ငြာလိုသည့်ကုန်ပစ္စည်း များနှင့် ပတ်သက်၍ စက်အမျိုးအမည်စာရင်းများနှင့် ဈေးနှုန်းများကို BUDOZAR Technology Company Limited ထံသို့ ကြိုတင်ပေးပို့ထားရပါမည်။အဆိုပါပေးပိုထားသည့်စာရင်းများတွင် ပါရှိသည့် ကုန်ပစ္စည်းများ၏ အရည်အသွေး ၊ အမျိုးအစား ၊ ဈေးနှုန်းမှန်ကန်မှု နှင့် မိမိပိုင်ပစ္စည်းဖြစ်ကြောင်းတာဝန်ယူသဘောတူညီပါသည်။

၂။ ကြော်ငြာလုပ်ငန်းအပ်နှံသူသည် https://budozar.com, website တွင်ကုန်ပစ္စည်းများ ထည့်သွင်းကြော်ငြာခြင်းအတွက် အခကြေးငွေပေးချေရန် မလိုအပ်ပဲ ကုန်ပစ္စည်းများအား အခမဲ့ကြော်ငြာထည့်သွင်း နိုင်မည်ဖြစ်သည် ၊၊
ကြော်ငြာထည့်သွင်းထားသော ကုန်ပစ္စည်းများအား ဝယ်ယူအသုံးပြုသူနှင့် အရောင်းအဝယ်သဘောတူညီချက် ရရှိပြီးပါက သက်မှတ်ထားသော ကော်မရှင်နှုန်းထားအတိုင်း BUDOZAR Technology Company Limited ဘက်သို့ပေးရန်သဘောတူပါသည်။

၃။ ကြော်ငြာလုပ်ငန်းအပ်နှံသူသည် ကြော်ငြာလိုသည့် ကုန်ပစ္စည်းများ၏ နောက်ဆုံး အတည်ပြု ဈေးနှုန်းကို BUDOZAR Technology Company Limited ထံသို့ အမြန်ဆုံးပေးပို့ရမည် ။

ပေးပို့ထားသော ဖော်ပြပါဈေးနှုန်းများသည် သတ်မှတ်ချိန် ကာလအတွင်း တည်မြဲမှု့ရှိရပါမည်။ အကယ်၍ လိုအပ်ချက်အရ ဈေးနှုန်းအပြောင်းအလဲပြုလုပ်လိုပါက ပြောင်းမည့်ရက်မတိုင်မီ အလုပ်တက်ရက်(၁ရက်) ကြိုတင်အကြောင်းကြားရပါမည်။

၄။ ဈေးနှုန်းပြောင်းလဲသည် ဟုဆိုရာတွင် အင်္ဂါနေ့ ပြောင်းမည့်ဈေးကို တနင်္လာနေ့ ( နေ့လယ် ၁၂) နာရီ မတိုင်ခင်ပေးပို့ရပါမည်။ အကယ်၍ သောကြာနေ့ ( နေ့လယ် ၁၂) နာရီ မတိုင်ခင်ရရှိသောဈေးနှုန်းမှာ နောက်တစ်ပတ် တနင်္လာနေ့ ဈေးနှုန်းအဖြစ် သတ်မှတ်ရန် သဘောတူကြပါသည်။

၅။ ကြော်ငြာလုပ်ငန်းအပ်နှံသူသည် မိမိထည့်သွင်းကြော်ငြာ၍ ရောင်းချ ၊ ငှားရမ်း ၊ လဲလှယ်သည့် စက်ပစ္စည်းများ၏ ပိုင်ဆိုင်မှု၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ၊ ဖြန့်ဖြူးဖြန့်ချိရောင်းချခြင်း ၊ လဲလှယ်ခြင်းနှင့် ပတ်သက်၍ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်လာပါက ကြော်ငြာလုပ်ငန်းအပ်နှံသူမှ ပြီးဆုံးပြေလည်အောင် တာဝန်ယူဖြေရှင်း ပေးရပါမည်။

၆။ BUDOZAR မှ တာဝန်ယူရောင်းချသော ကုန်ပစ္စည်းများအတွက် ကျသင့်ငွေ နှုန်းထားများ ကို အရောင်း အဝယ်သဘောတူညီချက် ရယူပြီး (၂ ရက် မှ တစ်ပတ် ) အတွင်း BUDOZAR Technology Company Limited မှ ပေးချေပေး မည် ဖြစ်ပါသည်။

ငွေပေးချေရန် Bank Account များ
KBZ (Account No : 00510300502133201)
AYA (Account No : 0016103010028515)
CB (Account No : 0115100500000353)

အထက်ပါအကြောင်းအရာများကို သေချာစွာ ဖတ်ရှုသိရှိနားလည်သဘောပေါက်ပြီး မိမိတို့ ၏ လွတ်လပ်သော ပင်ကိုယ် စိတ်ဆန္ဒများနှင့်အညီ သဘောတူညီ လက်ခံပါသည်။

————–

ဝယ်ယူသူများအတွက် သက်မှတ်ချက်များ

၁။ ဝယ်ယူထားသောကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတန်ဖိုးငွေကို BUDOZAR ၏ငွေပေးချေမှုစနစ်များထံသို့ ကြိုတင်ငွေပေးချေပေး ရမည်ဖြစ်ပါသည်။

၂။ USD နှင့်ဖော်ပြထားသော ကုန်ပစ္စည်းတန်ဖိုးကို BUDOZAR မှချမှတ်ထားသော Exchange Rate နှင့်သာ ပေးချေပေးရမည်ဖြစ်ပါသည်။

၃။ ကုန်ပစ္စည်းပို့ဆောင်ခ(Delivery Cost) ကိုဝယ်ယူသူဘက်မှ ကျခံပေးရမည်ဖြစ်ပါသည်။

၄။ ဝယ်ယူထားသော ကုန်ပစ္စည်းများအား (Stock လက်ဝယ်ရှိပါက) Order မှာပီးချိန်မှ (၃ရက်) အတွင်း ပေးပို့ထားသော လိပ်စာအတိုင်း ပို့ဆောင်ပေးမည်ဖြစ်ပါသည် ။

**(နယ်မှမှာယူထားသော ကုန်ပစ္စည်းများအတွက် ကားဂိတ်အရောက်ပို့ ဆောင်ပေးမည်ဖြစ်ပါသည်)။

၅။ Stock လက်ဝယ်မရှိသော ကုန်ပစ္စည်းများ(နိုင်ငံခြားမှမှာယူရသောကုန်ပစ္စည်းများ)အတွက် ပစ္စည်းရောက်ရှိချိန်အား နှစ်ဦးသဘော တူထားသောသက်မှတ်ရက်အတိုင်းပို့ဆောင်ပေးမည်ဖြစ်ပါသည်။ **( မမျှော်လင့်ထားသောအခြေအအနေများအရရက်အနည်းငယ်ပြောင်းလဲမှုရှိနိုင်ပါသည်)

၆။ ပေးပို့သည့်ကုန်ပစ္စည်းများ မှားယွင်းစွာရောက်ရှိလာပါက ပစ္စည်းလက်ခံရရှိပီးသည်နှင့် BUDOZAR သို့ချက်ခြင်းအသိပေးအကြောင်းကြားရမည်ဖြစ်ပါသည် ။

၇။ Order မှာယူသည့်အချိန်တွင် ဝယ်ယူသူမှပေးပို့ခဲ့သော သတင်းအချက်အလက်များနှင့် ဓါတ်ပုံမှတ်တမ်းများအရရောက်ရှိလာသော ကုန်ပစ္စည်းများအား(လုံးဝ)လဲလှယ်ခွင့်ရရှိမည်မဟုတ်ပါ ။

၈။ တစ်ပါတ် (၇ရက်) ကျော်လွန်ပီးမှ အကြောင်းကြားသော ကုန်ပစ္စည်းများအား လဲလှယ်ခွင့်ကို ထည့်သွင်းစဥ်းစားပေးမည်မဟုတ်ပါ ။

၉။ ပြန်လည်လဲလှယ်လိုသော ကုန်ပစ္စည်းများမှ တံဆိပ် ၊အမှတ်အသားများ ၊ (Accessories) များပျက်စီး ၊ပျောက်ရှခြင်းရှိပါက ၊(BUDOZAR မှပေးပို့ထားသော မူလပုံစံနှင့် ကွဲလွဲမှုရှိသော ကုန်ပစ္စည်းများအား ) လဲလှယ်ခွင့်ရရှိမည်မဟုတ်ပါ ။

၁၀။ လဲလှယ်လိုသော ကုန်ပစ္စည်း၏တန်ဖိုးကို BUDOZAR မှ ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ ။စျေးနှုန်းတူ (သို့မဟုတ်) စျေးနှုန်းပိုသော ကုန်ပစ္စည်းများနှင့်သာ လဲလှယ်ခွင့်ရရှိမည်ဖြစ်ပါသည်။ **(စျေးနှုန်းပိုသော ကုန်ပစ္စည်းများအတွက်ငွေအလိုက်​ပေး၍ပေးချေပေးရမည်ဖြစ်ပါသည်) ။

၁၁။ Order တင်ပီး( ငွေပေးချေပီး)သော ကုန်ပစ္စည်းများအား အော်ဒါဖျက်သိမ်းခွင့် ရရှိမည်မဟုတ်ပါ ။

***အားပေးမှုအတွက် BUDOZAR မှ အထူးပင်ကျေးဇူးတင်ရှိပါသည် ***