Engine လည်ပတ်မှုစနစ်ထဲက Starter Motor အလုပ်လုပ်ပုံအကြောင်း

on
Categories: Blogs
Starter Motor ဆိုတာ လျှပ်စစ်မော်တာတစ်လုံးဖြစ်ပြီး အင်ဂျင်ကိုစတင်လည်ပတ်အောင် လုပ်ပေးတာဖြစ်ပါတယ်။ စွမ်းအားကောင်းတဲ့ Direct Current (DC) အမျိုးအစားဖြစ်ပြီး Starter Solenoid ကလည်း ကပ်လျှက်တွဲနေပါတယ်။ ကားတိုင်းလိုလိုမှာ Starter Motor ကို ဂီယာနဲ့တွဲထားလေ့ရှိပါတယ်။
              ကားရဲ့ဘတ္ထရီနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်ပြီး ကားအင်ဂျင်ကိုလည်ပတ်စေနိုင်ဖို့ အားကောင်းတဲ့ လျှပ်စီးစွမ်းအားလိုအပ်ပါတယ်။ ဒါကြောင့် ဘတ္ထရီအားပြည့်ပြီးကောင်းမွန်နေဖို့ အထူးအရေးကြီးပါတယ်။ 
              အားထိန်းနိုင်စွမ်းလျှော့လာတဲ့ ဘတ္ထရီက ကားမီးတွေဖွင့်လျှင်လင်းနိုင်ပေမယ့် ကားအင်ဂျင်ကိုတော့ ကောင်းကောင်း လှည့်ပေးနိုင်လောက်တဲ့လျှပ်စီးအားကို မော်တာဆီမပို့ပေးနိုင်တော့ပါဘူး။
Starter Motor စက်စ နိုးအောင်ဘယ်လိုအလုပ်လုပ်လဲ
              စက်နိုးအောင်သော့ကိုလှည့်လိုက်တာ၊ ခလုတ်ကို နှိပ်လိုက်တာပဲဖြစ်ဖြစ် ဂီယာက P (သိုမဟုတ်) မှာတိုးထားရင် ဘတ္တရီရဲ့လျှပ်စစ်ဗိုအားတွေကို Starter Control circuit ကတဆင့် Starter Solenoid ဆီရောက်အောင်ပိုလွှတ်ပေးပါတယ်။
              
              Starter solenoid က starter motor ဆီကိုထပ်မံပို့လွှတ်ရုံသာမက တပြိုင်တည်းမှာပဲ starter gear ကိုရှေ့သိုတွန်းပြီး အင်ဂျင်ရဲ့ ဖလိုင်းဝှီး (သို့) အော်တိုဂီယာ flexplate နဲ့ ချိတ်ဆက်မိစေပါတယ်။ ဖလိုင်းဝှီးက အင်ဂျင် ကရိုင်းရှပ်နဲ့တဆက်တည်းမို့ starter motor က ဖလိုင်းဝှီးကိုလှည့်ပေးတော့ အင်ဂျင်စလည်ပါတော့တယ်။ 
              
              သော့နဲ့လှည့်ရင် starter motor လည်စေနိုင်ပေမယ့် ခလုပ်နှိပ်တဲ့ PUSH START မှာတော့ အင်ဂျင်စလည်တာနဲ့ starter motor လည်စေတဲ့စနစ်ကို အော်တိုဖြုတ်ချထားလိုက်ပါတယ်။ 
Starter Motor မကောင်းရင်တွေ့နိုင်တဲ့ လက္ခဏာများ
              ကားအင်ဂျင်ကို နှိုးတဲ့အခါ လှုပ်ကိုမလှုပ်တာ ၊ ချက် ခနဲတစ်ချက်သာမော်တာလည်ပြီး မထူးခြားတော့တာ တွေ့တာနဲ့ Starter Motor အလုပ်မလုပ်တော့တာဖြစ်ပါတယ်။ 
              
              ဘတ္ထရီမကောင်းတာဖြစ်နိုင်သလို ၊ မော်တာမကောင်းတာလဲဖြစ်နိုင်ပါတယ်။ Starter Control Terminal က ဘတ္ထရီအားဝင်တဲ့နေရာမှာ အားတိုင်းကြည့်လိုက်လို (12v) အားအပြည့်ပြနေရင်တော့ မော်တာမကောင်းတော့တာသေချာပါပြီ။
              
              စက်နှိုးတဲ့အခါ မော်တာလည်နေပေမယ့်လည်း အင်ဂျင်မနိုး၊ တခါတရံ စက်နှိုးတဲ့အခါ စက်မနိုးတဲ့အပြင် ခြစ်ပြီးလည်တဲ့အသံထွက်လာရင်တော့ Starter Motor ရဲ့ Flex plate (သို့မဟုတ်) Flywheel မှာရှိတဲ့ Ring gear ရဲ့ အသွားစိပ်လေးတွေ ပျက်စီးနေတာဖြစ်နိုင်ပါတယ်။
              
              Starter motor က အင်ဂျင်ကိုလည်စေဖို့ဆိုတာ မြင့်မားတဲ့လျှပ်စီးစွမ်းအား လိုအပ်ပါတယ်။ ဒါကြောင့်မိုလိုပဲ ဘတ္ထရီက အပေါင်း (+) ကြိုးက အလုံးကြီးပြီးတုတ်တာကိုသုံးပြီး Starter Solenoid ဆီ တိုက်ရိုက်လာဆက်တာဖြစ်ပါတယ်။ ဘတ္ထရီရဲ့ အနှုတ် (-) ကြိုးကတော့ Starter motor နားမှာရှိတဲ့ အင်ဂျင်ဘလောက် (သို) ဂီယာဘောက်ဆီလာ ချိတ်ဆက်ထားပါတယ်။ တခါတလေ ဘတ္ထရီအပြောင်းအလဲလုပ်ပြီး ကြိုးတွေပြန်တပ်တဲ့အခါ ချောင်နေရင် Starter motor အလုပ်မလုပ်တာ ဖြစ်တက်ပါတယ်။
              
              Starter Motor ရဲ့ လည်ပတ်တဲ့အသံပြောင်းလဲမှုတွေ၊ ထူးခြားမှုတွေကို  အင်ဂျင်တစ်လုံး မောင်းနှင်ဖို့  စတင်နှိုးတဲ့အချိန်တိုင်းမှာ  သတိပြူမိနေဖို့လည်းလိုအပ်ပြီး  အင်ဂျင်လည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။              
              
စက်ယန္တရားနဲ့ပါတ်သက်တဲ့  ဗဟုသုတတွေနဲ့ တခြားအကြောင်းအရာမျိုးစုံတွေကို လေ့လာဖတ်ရှဖို့အတွက် အောက်ပါလင့်ကိုနှိပ်ပြီး  ဝင်ရောက်နိုင်ပါတယ်
https://www.facebook.com/OnlineMachineryandSparePartsMarketplace
စက်ယန္တရား‌နဲ့ပါတ်သက်တဲ့ ဘာပဲလိုလို တစ်နေရာထဲနဲ့  ပြီးပြည့်စုံတဲ့
BUDOZAR Online Machinery & Spare Parts Marketplace နဲ့ ဆက်သွယ်လိုက်ပါ
+95(9)962836927  
www.budozar.com 
#OnlineMachineryandSparePartsMarketplace  
#ProvidesAllYourMachineryNeeds  
#BUDOZAR