Excavator နဲ့ Backhoe (Digger) တို့က ဘာတွေကွာလဲ?

on
Categories: Blogs

Backhoe တွေက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာအသုံးများတဲ့ယန္တရားတွေဖြစ်ပြီး excavator တွေနဲ့ရောထွေးကြလေ့ရှိပါတယ်။ တူညီတဲ့တူးဖော်ရေးစွမ်းရည်တွေကိုမျှ၀ေပိုင်ဆိုင်ထားကြပေမဲ့လည်း backhoe နဲ့ excavator တို့က အရွယ်အစား၊ အလေးချိန်နဲ့ လုပ်ဆောင်နိုင်စွမ်းမှာ ကွဲပြားကြပါတယ်။
Excavator တွေက ယေဘုယျအားဖြင့်ပေါင် ၂၀၀,၀၀၀ အလေးချိန်ရှိတဲ့စက်ကိရိယာကြီးတွေဖြစ်ပြီး သူတို့ရဲ့Bucket နဲ့ Boom တွေက ၃၆၀ ဒီဂရီလှည့်နိုင်ပါတယ်။ အကြီးစား စက်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအတွက် ဒီဇိုင်းထုတ်ထားတာပါ။ Backhoe တွေကတော့ သေးငယ်ပြီး လယ်ထွန်စက်နှင့်ပိုတူပါတယ်။ ဘေးတစ်ဘက်ကို ၂၀၀ ဒီဂရီသာလှည့်နိုင်တဲ့ ရှေ့နဲ့နောက် Bucket တွေက သာမန်တူးဖော်ရေးအလုပ်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေ၊ အပျက်အစီးတွေကိုသယ်ယူဖို့အလုပ်တွေအတွက် ဒီဇိုင်းထုတ်ထားတာပါ။