Forklift လေးတွေ မောင်းနှင်တာနဲ့ ပတ်သက်ပြီးတော့ သိသင့်တဲ့အချက်လေးတွေကို BUDOZAR ရဲ့ မိတ်ဆွေတွေအတွက် ပြောပြချင်ပါတယ်
(၁) လူမရှိတဲ့အချိန်မှာ Forklift လေးတွေကို စက်နှိုးပြီး မထားထားခဲ့ပါနဲ့
(၂) ဘယ်တော့မှ ကိုယ်သယ်နိုင်တဲ့ ပမာဏထက် ပိုပြီးတော့ ထပ်ပြီး မတင်ပါနဲ့
(၃) Forklift ကို အလုပ်ခွင်အတွင်းမှာ သတ်မှတ်ထားတဲ့ လမ်းနေရာတွေကနေပဲ မောင်းနှင်ပါ
(၄) အလျှင်အမြန် မမောင်းနှင်ပါနဲ့
(၅) တင်ထားတဲ့ ကုန်ပစ္စည်းတွေ အပေါ်ကနေ ဘယ်သူကိုမှ မလိုက်ခိုင်းသင့်ပါဘူး
(၆) မောင်းနှင်နေရင်း ဘေးကို မလှည့်ခင်၊ နောက်မဆုတ်ခင် အချိန်တွေမှာ သေချာ ကြည့်ရှုပြီးမှ ကွေ့ပါ
(၇) လုပ်ငန်းခွင်ပြီးလို့ စက်သတ်ပြီးတဲ့အခါ စက်အပူတွေ ထွက်သွားအောင် Forklift လေးတွေကို လေ၀င်လေထွက်ကောင်းတဲ့ နေရာမှာ ရပ်နားပါ
(၈) အသုံးမပြုသေးတဲ့ Forklift လေးတွေကို နေရာတကျ ပါကင်ထိုးပြီး ရပ်နားထားသင့်ပါတယ်