ဒီနေ့အတွက်တော့ မော်တော်ယာဥ်အမျိုးမျိုးမှာရှိနေတဲ့ Drive System တွေအကြောင်း နားလည်သိရှိထားနိုင်စေဖို့ လိုတိုရှင်းအချက်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
1.Front-Wheel Drive (FWD)
ဒီ Drive System မှာ အင်ဂျင်ကနေ ရှေ့ဘီးတွေကို ပါဝါပေးပါတယ်။ လောင်စာဆီဖိုးကိုချွေတာချင်ပြီး နေရာပိုကျယ်တဲ့ယာဉ်မျိုးလိုချင်သူတွေအတွက် မှန်ကန်သင့်တော်တဲ့ရွေးချယ်စရာဖြစ်မှာပါ။
2.Four Wheel Drive (4WD)
ဒီစနစ်ကတော့ Off-roading အတွက် အထူးသင့်တော်တဲ့စနစ်ပါ။ လောင်စာဆီကိုချွေတာနိုင်တဲ့အပြင် လမ်းကြမ်းခရီးတွေမှာလည်း သာသာလေးမောင်းနှင်သွားလို့ရစေမှာဖြစ်ပါတယ်။
3.Rear Wheel Drive (RWD)
အင်ဂျင်ကနေနောက်ဘီးတွေဆီ ပါဝါပို့ပေးတဲ့ဒီစနစ်က အင်ဂျင်ပါ၀ါနဲ့ အလေးချိန်ပိုများတဲ့ယာဉ်တွေအတွက်ပါ။ ကုန်တင်ကားကြီးတွေနဲ့ စွမ်းဆောင်ရည်မြင့်ကားတွေမှာ အများဆုံးတွေ့နိုင်ပါတယ်။
4.All Wheel Drive (AWD)
All Wheel Drive ကတော့ 4WD နဲ့ နည်းနည်းကွာခြားပြီး ဒီစနစ်မှာက ဘီးအားလုံးဆီ power ပို့ပေးတာပါ။ ယာဉ်ကို ပိုပြီးအဆင်ပြေပြေထိန်းချုပ်လို့ရစေပေမဲ့ ဆီသုံးစွဲမှု တော့နည်းနည်းပိုများပါလိမ့်မယ်။