Generator တွေကို ကြာရှည်အသုံးပြုနိုင်အောင်ဘယ်လိုထိန်းသိမ်းမလဲ

on
Categories: Blogs

တချို့ကတော့ Generator တွေက လွယ်လွယ်နဲ့ မချွတ်ယွင်းတတ်တဲ့စက်တွေ လို့ ယူဆကောင်းယူဆထားမှာပါ။ ဒါပေမဲ့ မှန်ကန်သင့်တော်တဲ့ပြုပြင်ထိန်းသိမ်းမှုမရှိရင်တော့ သူတို့က ဘယ်လောက်မှမသုံးရသေးဘဲနဲ့လည်း ပျက်စီးသွားတတ်တာပါတယ်။ ဒါဆို Generator တွေကို (အပိုပြင်ဆင်စရိတ်ကုန်ကျမှုတွေလည်းမရှိစေဘဲ) ကြာရှည်အသုံးပြုနိုင်အောင်ဘယ်လိုထိန်းသိမ်းမလဲ? ဖတ်ကြည့်ပါဦး…။
1. Type
Generator အတွက် Rating က Higher “maximum” လား “starting” rating လား “rated” လား “continuous” watts လားဆိုတာကို မဝယ်ခင်မှာ သေချာသိအောင်ဖတ်ပါ။ ဥပမာ Higher Power Level ရှိတဲ့ Generator တစ်လုံးကို တကယ်မလိုအပ်ဘဲမှားဝယ်မိမယ်ဆိုရင်တော့ အသစ်တစ်လုံးထပ်ဝယ်ရလို့ငွေကုန်ကြေးကျများဖို့က သေချာသလောက်ပါပဲ။
2. Guarantee for Quality & Life
Generator တွေရဲ့တန်ဖိုးက မနည်းပါးတဲ့အတွက်ကြောင့် ခဏပဲသုံးရသေး ပျက်စီးသွားမယ်ဆိုရင် သောကများစရာပါ။ ဒါကြောင့် အရည်အသွေးနဲ့ သက်တမ်းအာမခံပါ၀င်တဲ့အမျိုးအစားတွေကို စိစစ်ရွေး၀ယ်သင့်ပါတယ်။
3. Motor
Motor က သက်တမ်းမပြည့်ခင်ပျက်စီးသွားတာမျိုးနဲ့မကြုံရစေဖို့ Heavy-duty Cord တွေနဲ့ မောင်းနှင်အသုံးပြုပါ။ စက်သံကြောင့် အိပ်ရေးမပျက်ချင်ရင်တော့ Longer Cord နဲ့သုံးလို့ရပါတယ်။
4. Electric Starter’s Battery
Generator တစ်လုံးကို (၃) လလောက်သုံးပြီးသွားတဲ့အခါတိုင်း Electric Starter ရဲ့ Battery ကို အားပြန်သွင်းပေးရမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ တကယ်လိုအပ်တဲ့အချိန်မျိုးရှိလာရင် စက်နှိုးဖို့ရာအခက်တွေ့ရပါလိမ့်မယ်။
5. Fuel
လောင်စာကန်ထဲမှာ လောင်စာမရှိတော့တာကလည်း Generator ကိုထိခိုက်ပျက်စီးစေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ အမြဲစစ်ဆေးပြီး ဖြည့်ပေးနိုင်ဖို့လိုပါတယ်။
6. Lubricant and Filter
ချောဆီနဲ့ ဆီစစ်ဆန်ကာအသစ်တွေ ဝယ်ထားပါ။ မီးပျက်တဲ့အချိန်မျိုးမှာ ရုတ်တရက်ပျက်စီးသွားလို့ အစားထိုးစရာအသင့်ရှိမနေဘူးဆိုရင် ဘယ်လိုမှအလုပ်မတွင်နိုင်ပါဘူး။