Brake Fluid DOT 4

ID: BDZ 10720
Country of Origin : Malaysia Brand Name: MATADOR Product Name: Automotive Part Number : adv 1201 Delivery : Buy 1 Case -Free Delivery ( YGN Area)

Size : 400g
Package : 1 case – 24 bottles

5,850 Ks

Out of stock

ဒေါင်းလုတ်လုပ်ရန်

Description

Matador DOT-4 Brake Fluid သည် DOT-4 စွမ်းဆောင်ရည် လိုအပ်သော Disc နှင့် Drum အမျိုးအစား Brake စနစ် တို့အတွက်  စွမ်းဆောင်ရည် မြင့်မားသော glycol နှင့် glycol ether တို့ဖြင့်ပေါင်းစပ် ထုတ်လုပ် ထားပါသည်။ ပြင်းထန်စွာ အပူချိန် မြင့်ခြင်း နိမ့်ခြင်း တို့အတွက် အထူးဖော်စပ် ထုတ်လုပ် ထားပါသည်။ ၎င်းသည် brake၏ လုပ်ဆောင်ချက်များ လုပ်ဆောင်‌ နေချိန်တွင် မြင့်မားသော အပူချိန် ၌ အငွေ့ပျံခြင်း ကို လျော့ချ ပေးပါသည်။ အလွန် မြင့်မားသော အပူကို ခုခံပေးပြီး brake ဆီအတွက် လုံခြုံမှု ကို ရရှိစေပါသည်။ ၎င်းတွင်မော်တော်ယာဉ် ဘရိတ် ကို ထိရောက် သေချာစေရန် Hydraulic brake စနစ် တွင် အလွန် ကောင်းမွန် သော ဖိအား ကို လွှဲပြောင်း ပေးပါသည်။
Matador DOT-4 BRAKE FLUIDသည် ပြင်းထန်သောအခြေအ‌နေများ တွင် သူ၏အကာအကွယ် ပေးနိုင်‌သော အရည်အသွေး ကို ထိန်းသိမ်း ပေးပါသည်။ ၎င်း၏ စွမ်းဆောင်ရည် သည် မော်တော်ယာဉ် ကို မည်သည့် အခြေအနေမျိုး တွင်မဆို အာတိတ် ဒေသကဲ့သို့ အရိုးခိုက်အောင်အေးသောဒေသဖြစ်စေသဲကန္တာရကဲ့သို့အလွန်ပူပြင်းသောဒေသဖြစ်စေလုပ်ဆောင်ချက်များကိုတသတ်မှတ်တည်း
လုပ်ဆောင်‌ပေးပါသည်။ ထို့အပြင်၎င်းထုတ်ကုန်သည်ကောင်းမွန်သောချောဆီကိုပေးစွမ်းနိုင်ခြင်း၊တိုက်စားခြင်းကိုကာကွယ်ပေး
သောဂုဏ်သတ္တိ ပါရှိခြင်း နှင့် မည်သည့် မော်တော်ယာဉ် အမျိုးအစား တွင်မဆို အသုံးပြု နိုင်ပါသည်။
အကျိုးကျေးဇူးများ

·မည်သည့် ပုံမှန် ဘရိတ်ဆီ နှင့် မဆို ရောပြီး အသုံးပြု နိုင်ပါသည်။
·မည်သည့် သံထည် အမျိုးအစား တွင်မဆို တိုက်စားခြင်း ကို အထူး ကာကွယ် ပေးသော ဂုဏ်သတ္တိ ရှိ ပါသည်။
·ဘရိတ်ပိုက်များ နှင့် ပိုက်လိုင်းစနစ် ကို သေချာစွာ သန့်စင်ပေးပါသည်။
·ပွတ်တိုက်ခြင်း ၊ ဓာတ်တိုးခြင်း နှင့် အပူချိန် တည်ငြိမ်မှုကို အထူး ကောင်းမွန် စေပါသည်။
·အေးသော ရာသီဥတု ဖြစ်စေ၊ ပူ‌သော ရာသီဥတု ဖြစ်စေ အကာအကွယ် ပေးပါသည်။
·ချောဆီ ကိုကောင်းစွာ ထုတ်လုပ်ပေးပြီး အရည်၏ တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါသည်။
·မြင့်မားသော စေးပျစ်မှု ကို ထိန်းသိမ်းပေးပါသည်။
·နိမ့်သော စေးပျစ်မှု ကို သေချာစွာ ထိန်းသိမ်းပေးပါသည်။

Vendor Information

  • ဆိုင်အမည် People Origin Co.,ltd
  • ရောင်းသူ People Origin
  • ခုမှတ်ချက်မရှိသေးပါ