Lithium Grease EP 3 NLGI3

ID: BDZ 10770
Country of Origin : Malaysia Brand Name: MATADOR Product Name: Heavy Duty Part Number : adv 1204 Delivery : Buy 1 Can -Free Delivery ( YGN Area)

Size : 18 Kg

183,000 Ks

In Stock

Amount in USD: $ 61

ဒေါင်းလုတ်လုပ်ရန်

Description

0, 1, 2, 3 ထုတ်ကုန်များသည် အရည်အသွးမြင့် ဘက်စုံ‌စက်မှုလုပ်ငန်းသုံး အမဲဆီအမျိုးအစားဖြစ်ပြီး special-duty semi-fluid အမဲဆီဖြစ်ပါသည်။ ၎င်း Lithium hydroxy stearate အမဲဆီများသည် ယို့ယွင်းခြင်း၊ ‌သံချေးတက်ခြင်း နှင့် ရေဆိုဒဏ်ကို အထူးကာကွယ်ပေးနိုင်ရန် ဖော်စပ်ထားပါသည်။ ထိုထုတ်ကုန်များသည် NLGI grades 00 မှ 3 အထိ base oil viscosities ISO VG 150 နှင့် 320 ရရှိနိုင်ပါသည်။ EP 0, 1 , 2 နှင့် 3 အမဲဆီများသည် မြင့်မားသော ဖိအားယူနစ် နှင့်  ၀န်များစွာဖြင့်လုပ်ဆောင်ရသည့် heavy-duty လုပ်ငန်းများအပါအ၀င်  စက်မှုလုပ်ငန်း အများအပြားတွင် အသုံပြုနိုင်ကြောင်း အကြံပြုထောက်ခံထားပါသည်။ ၎င်းအမဲဆီများသည် သံချေးတက်ခြင်း၊ တိုက်စားခြင်းကို အထူးကာကွယ်‌ပေးပြီး အထူးသဖြင့် စက်ကိရိယာများတွင် စိုစွတ်သော အခြေအနေများအတွက် သင့်‌လျော်သော ရေစိုဒဏ်ကိုခံနိုင်ပါသည်။ EP 0 နှင့် 1 သည် ပင်မစနစ်များအတွက် သင့်လျော်ပါသည်။ EP 2 နှင့် 3 သည် ဘက်စုံသုံး အမဲဆီများဖြစ်ပါသည်။ အပူချိန် -20 °C မှ 130°C ရှိသော လုပ်ငန်းများအတွက် အကြံပြုထားပါသည်။ သို့သော် မြင့်မားသော အပူချိန်များတွင် အသုံးပြုပါက အဆိုပါချောဆီထည့်ရသည့် ကြိမ်နှုန်းမှာလည်း တိုးမြှင့်လာမည်ဖြစ်ပါသည်။

အကျိုးကျေးဇူးများ
EP ‌အမဲဆီများ၏ စွမ်းဆောင်ရည်ကို သက်သေပြနိုင်ခဲ့သည့် သမိုင်းရှိခဲ့ဖူးပါသည်။ တိုက်စားခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ နိမ့်သော အပူချိန် နှင့် မြင့်‌သောအပူချိန်တွင်၀န်ဆောင်မှု‌ပေးနိုင်ခြင်း စသည့်နယ်ပယ်များတွင် ကောင်းမွန်သော စွမ်းဆောင်ရည်ကို သရုပ်ပြနိုင်ခဲ့ပါသည်။ 40lb ရှိသော Timken OK ၀န်ကို သယ်ဆောင်ခြင်းနှင့် ပြင်းထန်သော ဖိအားခံနိုင်စွမ်းကို သရုပ်ပြခဲ့ပါသည်။ စက်ကိရိယာများကို ယုံကြည်စိတ်ချနိုင်ရန်အတွက် လေးလံသော ၀န်နှင့် တုန်ခါမှု‌ကြောင့် ယို့ယွင်းခြင်းကို‌လျှော့ချပေးပြီး စက်ပစ္စည်းများကို သံချေးတက်ခြင်း၊ တိုက်စားခြင်းကို ကာကွယ်ပေးနိုင်ပြီး ရေစိုဒဏ်ကို ခံနိုင်ပါသည်။ကောင်းစွာ ချောဆီပေးစွမ်းနိုင်ပါသည်။ bearing ၏ ကုန်ကျစရိတ်ကို လျှော့ချပေးပြီး စိုစွတ်နေသော ပတ်၀န်းကျင်းတွင် bearing သက်တမ်းကို ကြာရှည်စေပါသည်။ဗဟိုစနစ်တွင် ကောင်းမွန်သော pump စွမ်းရည်ကို ပေးစွမ်းနိုင်ပါသည်။

အသုံးပြုပုံ
EP 0 နှင့် EP 1 သည် နိမ့်သော အပူချိန်တွင် ကောင်းမွန်သော pump စွမ်းရည်ပေးစွမ်းနိုင်ပြီး ဗဟို ချောဆီစနစ် နှင့် နိမ့်သော အပူချိန်တွင် စွမ်းဆောင်ရည်လိုအပ်သော လုပ်ငန်းများတွင် သင့်‌လျော်ပါသည်။ EP2  သည် ဘက်စုံလုပ်ငန်းများဖြစ်ကြသည့် antifriction  နှင့် plain bearing များ၊ bushins နှင့် pins များအတွက် ပုံမှန်လုပ်ငန်း အခြေအနေများတွင် အသုံးပြုနိုင်ကြောင်းအကြံပြုထားပါသည်။ EP 3 သည် NLGI grade 3 ချောဆီဖြစ်ပြီး ရေ သို့မဟုတ် ညစ်ညမ်းသော အစိုင်အခံ ထိုးဖောက်၀င်ရောက်ခြင်းကို အမြင့်ဆုံး အကာကွယ်ပေးနိုင်ပါသည်။

Vendor Information

  • ဆိုင်အမည် People Origin Co.,ltd
  • ရောင်းသူ People Origin
  • ခုမှတ်ချက်မရှိသေးပါ