Description
Valvoline DOT 3 Brake Fluid ကို ရောစပ်ထားသော အဆင့်မြင့် glycols ၊ glycol ethers နှင့် inhibitors တို့က တိုက်စားခြင်းမှ
ကာကွယ်ပေးပါသည်။ Valvoline DOT 3 & 4 Brake Fluid က ဘရိတ်စနစ်အတွင်းရှိ သဘာဝရာဘာ (NR) မှ ပြုလုပ်ထားသော
ရာဘာ Seals နှင့် Cups ၊ styrenebutadiene rubber (SBR)၊ သို့မဟုတ် Terpolymer Ethylene, propylene, နှင့် diene (EPDM) တို့ကို ဘရိတ်စနစ်အတွင်းတွင် အံဝင်ခွင်ကျဖြစ်စေရန် ထုတ်လုပ်ထားပါသည်။ ညစ်ညမ်းမှုကိုဖြစ်စေသော ရေ၊ ဖုန်၊ အညစ်အကြေး၊ ဆီဂျီး စသည်တို့က ဘရိတ်စနစ်ကို ထိခိုက်ပျက်ဆီးစေနိူင်ပါသည်။
Valvoline DOT 3 Brake Fluid သည် ယာဉ်မောင်၏ ခြေထောက်မှနင်းလိုက်သည့် ဖိအားမှ တစ်ဆင့် ကားဘီးသို့ တိုက်ရိုက်
အကျိုးသက် ရောက်စေနိူင်ပါသည်။ ဘရိတ်နင်းလိုက်သည်နှင့်ဖြစ်ပေါ်လာသော အပူချိန်မှာ ဘရိတ်ဆီမှ တိုက်ရိုက်ဖြစ်ပေါ်လာခြင်း ဖြစ်ပေါ်လာဖြစ်သဖြင့် ကားထုတ်လုပ်သူများက မည်သည့် ဘရိတ်ဆီကို သုံးရန် အတိအကျဖော်ပြလေ့ရှိပါသည်။ မြင့်မားသော အပူချိန်ထုတ်လျှင် DOT 4 ကို အသုံးုပြုသင့်ပြီး သာမန်အပူချိန် ထုတ်လုပ်လျှင် DOT3 သုံးရန် ထောက်ခံထားပါသည်။
DOT 3 ကို ကားထုတ်သူများ ညွှန်ကြားသည့်အတိုင်း အသုံးပြုရန်လိုအပ်ပါသည်။DOT 3 Brake ဆီများက ရေငွေ့ကို စုပ်ယူနိူင်စွမ်းရှိသဖြင့် ခြောက်သွေ့သောနေရာများတွင် သေချာစွာ အလုံပိတ်ပြီး သိမ်းဆည်းထားသင့်ပါသည်။ ဆလင်ဒါအိုးနှင့် အိုးအနား ဝန်းကျင်တွင် ဖုန်များ၊ ဆီကြေးများ သန့်စင်ပြီးမှသာ ဖွင့်သင့်ပါသည်။ ဆလင်ဒါအိုး နှင်းကျနေချိန်၊ မိုးရွာနေချိန်နှင့် ဖုန်၊သဲများ ထူထပ်ချိန်တွင် မဖွင့်သင့်ပါ။ ကားထုတ်လုပ်သူများ ညွှန်ကြားချက်အတိုင်း ဆီ Level ကို ဖြည့်စွက်ရမည်။
အကျိုးကျေးဇူးများ
*ဗဟိုမော်တော်ယာဉ်များ လုံခြုံရေး စံချိန်စံညွှန်းအရ (FMVSS) No. 116 and SAE J1703 Specifications အရည်အသွေး တို့နှင့် ကိုက်ညီခြင်း။
*အစိုဓာတ်ကို လျော့နည်းစေခြင်း။
*အသုံးပြုနေကျ ဘရိတ်ဆီနှင့် ရောစပ်အသုံးပြုနိူင်ခြင်း။