ZEREX Extended Life Coolant

ID: BDZ 8260
Country of Origin : USA Brand Name: VALVOLINE Product Name: Automotive (Heavy Duty) Part Number : ZXEDRU1 Delivery : Buy 1 Case -Free Delivery ( YGN Area)

Size : 3.78 (1Gallon)
Package : 1 case – 6 bottles

51,200 Ks

In Stock
ဒေါင်းလုတ်လုပ်ရန်

Description

1)Zerex Extended Life ကို organic acid technology နှင့် ဝန်အားကြီးယာဉ်များ၏ ဒီဇယ်အင်ဂျင်များ သတ္တုအညှိတက်ခြင်းမှ ကာကွယ်ပေးသည့် ဓါတ်ပစ္စည်းများ ပေါင်းစပ်ထားပြီး အင်ဂျင် liner များတွင် အပေါက်များဖြစ်ခြင်း နှင့် ရေဂျိုးကပ်ခြင်း တို့မဖြစ်စေရအောင်ကာကွယ်ပေးပြီး စတင်အသုံးပြုသည့် အချိန်မှ စ၍ ကာလအားဖြင့် ၃နှစ်၊ နာရီအားဖြင့် ၇၀၀၀၊ မိုင်အားဖြင့် ၃၀၀၀၀၀ အထိ အသုံး ပြုနိုင်ပါသည်။2)Patented chemistry သည် အလူမီနီယံအပါအဝင် အအေးပေးစနစ် အားလုံး၏ သတ္တုများကို ထိန်းသိမ်းကာကွယ်ပေးပါသည်။3)Zerex Extended Life ကို သဘာဝဓါတ်ငွေ့သုံးအင်ဂျင်များ၊ stationary power ပင်လယ်ရေကြောင်းနှင့် ဝန်အားပေါ့ ယာဉ်များတွင်အသုံးပြုနိုင်ပါသည်။ အသုံးပြုရာတွင် အကောင်းဆုံးလုပ်ဆောင်မှုကိုရစေရန် ပြင်းအား 50% မှ 70% တွင်းထားပြီး အသုံးပြုရပါမည်။4)Zerex Extended Life ကို အသုံးပြုသက်တမ်းကြာမြင့် သည့် ethylene glycol အခြေခံထုတ်လုပ်ထားသော အခြား coolant နှင့်လည်းတွဲဖက် အသုံးပြုနိုင်ပါသည်။5)သို့သော် ၎င်းနှင့်အတူ ရောစပ်အသုံးပြုသော ဝန်အားပေါ့ယာဉ်များ အတွက်ထုတ်လုပ်သော coolant ကြောင့်ဖြစ် စေ၊ အရည်အသွေးမြင့် ထုတ်လုပ်ထားခြင်း မရှိသည့် coolant ကြောင့်ဖြစ်စေ Zerex ၏အသုံးပြု သက်တမ်းကြာမြင့် မှုသည် ပြောင်းလဲ ကျဆင်းသွားနိုင်ပါသည်။6)တွဲဖက်အသုံးပြုရမည့် ရေစစ်အမျိုးအစားသည် blank filter (SCA/ DCA မပါဝင်စေရ) ဖြစ်ရမည် ဖြစ်ကာ သက်ဆိုင်ရာယာဉ်၏ အင်ဂျင် filter လဲနည်းလမ်းညွှန်ကို လိုက်နာရပါမည်။
Zerex 618 Extended Life သည် Cummins 14603, DDC,Terex,Cat EC-1 နှင့် အခြားသော ဝန်အားကြီး ဒီဇယ်အင်ဂျင်ကားများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသော မအေးခဲနိုင်သည့်coolant ဖြစ်ပါသည်။
• Zerex Extended Life coolantကို ၎င်းထည့်သွင်းအသုံးပြုရမည့် စနစ် ထဲသို့ အပြည့်ထည့်ကာ3 way test strip ဖြင့် coolant ၏ ပြင်းအားနှင့် ရေခဲမှတ်ကို ပုံမှန်တိုင်းတာပြီးအသုံးပြုရန်လိုအပ်ပါသည်။ မိုင် ၃၀၀၀၀၀၊ ကာလ ၃နှစ်သို့မဟုတ် နာရီ ၇၀၀၀ကျော်လွန်သွားလျှင် နောက်ထပ်ထို ကာလအပိုင်းအခြားအတိုင်းထပ်မံအသုံးပြု နိုင်ရန် 50 quarts ဆံ့သော coolant စနစ်ထဲသို့ coolant တစ်ဘူးထပ်မံထည့်ရပါမည်။ Cycle တစ်ခုစာကာလဖြစ်သော ၆နှစ်၊ မိုင်ပေါင်း ၆၀၀၀၀၀ သို့မဟုတ် နာရီ ၁၄၀၀၀ အသုံးပြုပြီးသောအခါ coolant အားလုံးကို အသစ်လဲလှယ်ရန်လိုအပ်ပါသည်။ Zerex Extended Life သည် ဝန်အားကြီး ဒီဇယ်အင်ဂျင်များအတွက်လိုအပ်ချက် ဖြစ်သော ASTM D 6210 နှင့် အပြည့်အ၀ ကိုက်ညီသော အင်ဂျင်coolant ဖြစ် ပါသည်။

မှတ်ချက်များ

မှတ်ချက်မရှိသေးပါ‌

အကောင့်အသစ်တစ်ခု တည်ဆောက်ပြီး မှတ်ချက်ပေးလိုက်ပါ

Vendor Information

  • ဆိုင်အမည် People Origin Co.,ltd
  • ရောင်းသူ Thin Thin Htay
  • ခုမှတ်ချက်မရှိသေးပါ