ညီအစ်ကိုမိတ်ဆွေများအတွက် Excavator များနှင့်တွဲစပ်အသုံးပြုနိုင်သည့် Attachment များ အကြောင်းဖော်ပြပေးလိုက်ပါတယ်။
1)General Purpose Bucket
အထွေထွေ အသုံးပြုရန်ရည်ရွယ်ပြီး အများအားဖြင့်တော့ မြေလွတ်မြေရိုင်းများ တူးဖော်၊ မြေသားညှိရန် အသုံးပြုပါတယ်။
2)Rock Digging Bucket
မာကျောသော မြေသားများ၊ ကျောက်နံရံများ တွင် တူးဖော်ရန်အသုံးပြုပါတယ်။
3)Skeleton Bucket
ကျောက်ခဲ၊ အုတ်၊ အစိုင်အခဲကြီးများအားနေရာတကျ စီစဉ်ထားနိုင်ရန် အသုံးပြုပါတယ်။
4)Tilting Mud Bucket
စေးကပ်တဲ့ ရွှံမြေတွေမှာ အသုံးပြုပါတယ်။
5)Single Tyne Ripper
ကွန်ကရစ်တုံးများနဲ့ မာကျောသော ကျောက်တုံးများ ထုဖြိုခွဲရန်၊ တူးစွရန်အသုံးပြုပါတယ်။
6)Compact Wheels
မာကျောသော မျက်နှာပြင်များတူးဖော်ရန် အသုံးပြုပါတယ်
7)Bolt-On Edges
ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံရှိပြီး Bucket Edge များအကာကွယ်ရရန် ပိုမိုအားကောင်းစေရန် အသုံးပြုပါတယ်။
8)Hydraulic and Mechanical 5 Finger Grapples
လေးလံကြီးမားသော ကျောက်တုံးများ၊ သစ်ပင်ကြီးများသယ်ယူရှင်းထုတ်ရန် အသုံးပြုပါတယ်။
Tag: Excavator