‘‘SIMPLE SOLUTION, BIG SAVINGS”
“ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်းတဲ့ နည်းပညာ”
- အဆင့်မြှင့်ထားသော EC300E Hybrid ကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ။
အဆင့်မြင့် Hydraulic စနစ် နှင့် VOLVO နည်းပညာ ပေါင်းစပ်အသုံးပြုထားလို့ boom down motion နဲ့ Accumulator ကို အားသွင်းနိုင်မှာဖြစ်ပါတယ်။ အင်ဂျင်စနစ်ကို လည်ပတ်စေတဲ့ မော်တာကိုလဲ သိုလှောင်ထားတဲ့ စွမ်းအင်ဖြင့်သာ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် EC300E ကို လည်ပတ်ဖို့လိုအပ်တဲ့ လောင်စာဆီထိရောက်မှုပမာဏကို ၁၇% ထိ လျော့ကျစေနိုင်မှာဖြစ်ပါတယ်။
“FEATURES & BENEFITS”
*ရိုးရှင်းပြီး ယုံကြည်စိတ်ချရတဲ့ တည်ဆောက်မှု
စွမ်းဆောင်ရည်မြင့်မားလွန်းလှတဲ့ EC300E ကို ယုံကြည်စိတ်ချရတဲ့ သေးငယ်သောအစိတ်အပိုင်းတွေနဲ့ ရိုးရိုးရှင်းရှင်း ပေါင်းစပ်တည်ဆောက်ထားလို့ ထိန်းသိမ်းရလွယ်ကူစေပါတယ်။
*သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး
EC300E Hybrid က CO2 စွန့်ထုတ်မှု ပမာဏကို ၁၅% အထိ လျှော့ချပေးနိုင်ပါတယ်။ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေမယ့် ရွေးချယ်မှု တစ်ခုပါပဲ။
*အကျိုးအမြတ်အများဆုံး ရွေးချယ်မှု
တူးဖော်ခြင်းနှင့်အသုံးချခြင်းလုပ်ငန်းများ လုပ်ဆောင်တဲ့အခါ EC300E Hybrid က လောင်စာဆီ ခြွေတာနိုင်ခြင်း၊ စွန့်ထုတ်မှု နည်းပါးခြင်း တို့ကြောင့် လုပ်ငန်းခွင်မှာ အကျိုးမြတ်များစေမယ့် ရွေးချယ်မှုတစ်ခုပါပဲ။
*စက်အတွင်းအပြင် လုံခြုံစိတ်ချရမှု
စက်အတွင်းပိုင်းကို အလွယ်တကူစစ်ဆေးနိုင်ခြင်း၊ မြင်ကွင်းပိုမိုရှင်းလင်းခြင်း၊ တုန်ခါနှုန်းလျော့ကျစေခြင်း နှင့် သင့်စိတ်ကြိုက် ချိန်ညှိမှုပြုလုပ်နိုင်ခြင်းတို့ကြောင့် VOLVO EC300E Hybrid က သက်တောင့်သက်သာရှိပြီး လုံခြုံစိတ်ချရမှုအပြည့်နဲ့ အလုပ်ပြီးမြောက်စေမယ့် ထုတ်ကုန်တစ်ခုပါပဲ။
*ရွေးချယ်စရာစုံလင်တဲ့ အရည်အသွေးမြင့် အပိုပစ္စည်းများ
အသုံးပြုမယ့်လုပ်ငန်းခွင်ပေါ်မူတည်ပြီး တပ်ဆင်နိုင်မယ့် အရည်အသွေးမြင့် VOLVO အပိုပစ္စည်းအမျိုးအစားတွေနဲ့ အတူ သင့်လုပ်ငန်းခွင်မှာ အသင့်တော်ဆုံးဖြစ်မယ့် excavator တစ်ခုကို ရရှိနိုင်စေမှာပါ။ သင့်ရဲ့ Customized လုပ်ထားတဲ့ EC300E Hybrid က လည်ပတ်မှုအရှိန်လဲကောင်း၊ လောင်စာဆီထိရောက်မှုကိုလဲ တိုးတက်စေနိုင်လို့ ယုံကြည်စိတ်ချရတဲ့ စက်တစ်ခု ဖြစ်နေမှာပါ။
*အကြမ်းခံပြီး ရေရှည်အသုံးပြုနိုင်မယ့် နည်းပညာ
အသစ်ထွက်ရှိလာတဲ့ EC300E Hybrid က အကြမ်းခံပြီး ရေရှည်အသုံးပြုနိုင်အောင် တည်ဆောက်ထားပါတယ်။ Auto-regeneration ပြန်ဖြစ်စေမယ့် အင်ဂျင်၊ အရည်အသွေးမြင့်တဲ့ အစိတ်အပိုင်းများ၊ ပြင်ဆင်စရိတ် လျှော့ချပေးနိုင်ခြင်းတို့ကြောင့် ယုံကြည်စိတ်ချရပြီး လုပ်ငန်းခွင်မှာ ရေရှည်အသုံးပြုနိုင်မယ့် စက် တစ်ခုပါပဲ။